ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် PDF အဖွဲ့များမှ ပြည်သူများအား ပြန်ပေးဆွဲ၍ ခြိမ်းခြောက်ကာနေ့စဥ် ဆတ်ကြေးကောက်ခံနေ


(ပြည်တွင်း) ဇူလှိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း၌ KNU အဖွဲ့နှင့် ဒေသခံဦးကိုကြီးဦးဆောင်သော NLD ပါတီဝင် PDF အဖွဲ့များမှ အုပ်စုဖွဲ့၍ လက်နက် ကိုင်၍ ဒေသခံပြည်သူများ ၊ ဝန်ထမ်းများအား ခေါင်းစဥ်အမျိုးမျိုးတပ် လက်နက်အားကိုးဖြင့်ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ လစဥ်ပုံမှန် ဆတ်ကြေးကောက်ခံခြင်း၊ လူအား ဖမ်းဆီး၍ ငွေဖြင့်ကြန်လည်ရွှေးချယ်စေခြင်း၊ ကျေးရွာ/အုပ်စုအလိုက် ၎င်းတို့၏ အမာခံလူများထားရှိကာ လစဥ်ပုံမှန် ဆတ်ကြေးများ ကောက်ခံခြင်း တို့အား ရေတာရှည်မြို့နယ်အတွင်းရှိ ကြာအင်းကုန်း၊ ဒေါင်းအင်းကုန်း၊ ဘုရားကုန်းအုပ်စုစသည့်ကျေးရွာများတွင် ခြေကုပ်ယူ၍ ဥပဒေမဲ့လုပ်ရက်များကို လက်နက်အားကိုးဖြင့် နေ့စဥ် အပြစ်မဲ့ပြည်သူများအပေါ်၌ ကျူးလွန် ဆောင်ရွှက်နေသဖြင့် ဒေသခံများမှ စက်ဆုပ်ရွံရှာလျှက်ရှိသည် ။

Telegram»…
https://t.me/positiveanglenews

PAN

KL #SZ