ရူပီး-ကျပ် ငွေပေးချေမှုအတွက် မြန်မာဘဏ် ၈ ခုကို အိန္ဒိယအတည်ပြု


(ပြည်တွင်း) ဇူလှိုင် ၂၁

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီးနှင့်ကျပ်ငွေ ပေးချေမှုဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်ရှိ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ဘဏ် ၁၁ ခုကို အဆိုပြုခဲ့ရာ ဘဏ် ၈ ခုကို အိန္ဒိယအစိုးရဘက်မှ အတည်ပြု ခဲ့ကြောင်း ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ဘဏ်များသည် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီးနှင့်ကျပ်ငွေ ပေးချေမှုကို ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံဘဏ်များအကြား Special Rupee Vostro Account (SRVA) ကို အသုံးပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါတယ်။

နှစ်နိုင်ငံကုန်သွယ်မှုဆောင်ရွက်နိုင်မည့် ဘဏ်များမှာ ယူအေဘီဘဏ်၊ CB ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများဖွံဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်နှင့် ရွှေ (ကျေးလက်နှင့်မြို့ပြ) ဖွံဖြိုးတိုးတက်ရေးဘဏ်တို့ဖြစ်ပြီး အိန္ဒိယအစိုးရ၏ Reserve Bank of India မှ ထပ်မံ အတည်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ကျန်ရှိသည့် ဘဏ် ၆ ခုကို ဆောင်ရွက်ခွင့်ရသည့် (Designated Bank) ဘဏ်များအဖြစ် ခွင့်ပြုနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဗဟိုဘဏ်ရဲ့ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ