ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ပေးမည်ဟု ထရမ့် က ဇီလန်စကီး ကိုပြော


(နိုင်ငံတကာ) ဇူလိုင် ၂၁

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် က ၎င်းအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ပေးမည်ဟု ယူကရိန်းသမ္မတ ဇီလန်စကီး ကိုပြောကြောင်း သိရသည်။

ထရမ့် သည် ဇူလိုင်လ ၁၉ ရက်တွင် ဇီလန်စကီး နှင့်တယ်လီဖုန်းပြောစဉ် ယခုကဲ့သို ပြောကြားခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့် က ၎င်းအနေဖြင့် ဇီလန်စကီး နှင့် အလွန်ကောင်းမွန်သော ဖုန်းခေါ်ဆိုမှုရှိခဲ့ကြောင်း၊ သမ္မတ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရမှုအပေါ် ဇီလန်စကီး က ဂုဏ်ယူကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်တွင်ဖြစ်ပွားသော လုပ်ကြံရန်ကြိုးပမ်းခံရမှုကို အပြစ်တင်ရှုတ်ချကြောင်း Truth Social အမည်ရှိ လူမှုကွန်ရက်တွင် ရေးသားထားသည်။

နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရပါက အမေရိကန်သမ္မတအဖြစ် ကမ္ဘာကြီးဆီသို ငြိမ်းချမ်းရေးကို ယူဆောင်လာပေးမည်ဖြစ်ကြောင်း၊ အသက်ပေါင်းများစွာကို ဆုံးရှုးစေသည့် စစ်ပွဲကို အဆုံးသတ်စေမည် ဖြစ်ကြောင်း ထရမ့် ကဆက်ပြောသည်။

အလားတူ မည်သည့်ခြေလှမ်းများက ညီမျှမှုရှိသည့် ငြိမ်းချမ်းရေးကို ဖန်တီးနိုင်မည်နှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့် နှင့် ဆွေးနွေးသွားရန် သဘောတူထားကြောင်း ဇီလန်စကီး က ပြောသည်။

ဒေါ်နယ်ထရမ့် က လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရပြီး သမ္မတဖြစ်လာပါက ရုရှား-ယူကရိန်းပဋိပက္ခကို ၂၄ နာရီအတွင်း အဆုံးသတ်စေမည်ဟု ရွေးကောက်ပွဲမဲ ဆွယ်မှုတွင် ပြောထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ