ရာနဲ့ချီတဲ့ ရန်သူ့ရုပ်အလောင်းတွေကြောင့် လားရှိုးက ရပ်ကွက်အချို့မှာ ပြင်းထန်တဲ့ပုတ်နံ့တွေထွက်ပေါ်နေ


(ပြည်တွင်း) ဇူလိုင် ၂၁

လားရှိုးမှာတိုက်ပွဲတွေပြင်းထန်နေပြီး ရာနဲ့ချီတဲ့ ရန်သူ့ရုပ်အလောင်းတွေကြောင့် ရပ်ကွက်အချို့မှာ ပြင်းထန်တဲ့ပုတ်နံ့တွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

လားရှိုးအခြေအနေကစိုးရိမ်နေရပြီး တပ်ကတော့ ပြင်းပြင်းထန်ထန် ခုခံနေတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

“အောင်သစ္စာ၊ နားမခေါ် ၊ မန်နားကုန်း ဘက်မှာတိုက်ဖြစ်နေတာ အောင်သစ္စာဘက်ကတော့ဆုတ်သွားပြီးတပ်မတော်က လေယာဥ်လာပစ်လို့သူတို့ဘက်က တော်တော်အထိနာ လားရှို့မှာမြို့အနှံ့မှာဖြစ်နေတာ AD တံတားကျော်သွားရင်ပြည်သူမရှိတော့ဘူး ဟိုဘက်ကကောင်တွေတော်တော်ထိသွား ခြေကြတ်လက်ပြတ်ပဲ၊ ဗျူဟာကလည်းပစ်ကူပေးနေတယ်” ဒေသံတစ်ဦးက PAN ကိုပြောပါတယ်။

ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ လားရှိုးမြို့ ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၅ တွေမှာ MNDAA စစ်သားတွေရဲ့အလောင်းကထွက်တဲ့ ပုတ်ဆော်နံ့တွေပြန့်နှံ့နေတာကြောင့်

“တစ်နေရာထဲမှာ ၇၀၀ ရပ်ကွက် ၄ ၅ ပုတ်ဆော်နံနေခြင်တွေယင်တွေပေါနေတယ်။ ဘုံကျောင်းဘက်မှာလည်း ပသ်ခတ်မှုတွေရှိတယ်။ လားရှိုးကတော်တော်အထိနာနေပြီး အဲ့ဒီ ၃ နေရာထဲမှာ MNDAA ဘက်က ၂၀၀ ကျော်လောက်ကျထားတယ်” လို့လည်း အဲ့ဒီဒေသခံကပြောပါတယ်။

သောင်းကျန်းသူတွေရဲ့ လျော့တိုက်ဒုန်းတွေကို မြို့ထဲကလူနေရပ်ကွက်တွေအပြင် ဘုန်းကြီးကျော်တွေနဲ့ နေအိမ်တွေပေါ်ကျရောက်ရောက်ပေါက်ကွဲခဲ့သလို မန်ဆူဘုရားက ဆွမ်းစားဆောင်ကိုလည်ယ ထိမှန်ထားတယ်လို့လည်း ပြောပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN