မုန်တောလေးကျေးရွာ အုပ်ချုပ်ရေးမှုး နှင့်ဇနီးတို့အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

(ပြည်တွင်း)ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး ၊မြစ်သားမြို့နယ်၊မုန်တောလေးကျေးရွာ၌ ယနေ့နံနက်၁၀နာရီ၅၅မိနစ်အချိန်ခန့်က အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦးတို့အား အကြမ်း ဖက်သမားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူ ဦးခင်မောင်ဝင်းနှင့်ဇနီး ဒေါ်ညိုညိုတို့ နေအိမ်၌ရှိနေစဥ် အကြမ်းဖက် သမား ၄ဦး၊ဆိုင်ကယ် ၂စီးဖြင့် မြို့ကုန်းကျေးရွာဘက်မှ ရောက်ရှိလာကာ နေအိမ်အတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ၆ချက် ပစ်ခတ်ခဲ့ပြီး မြို့ကုန်းကျေးရွာဘက်သို့ ပြန်လည်မောင်းနှင် ထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်သမားတို့၏ ပစ်ခတ်မှုကြောင့် မုန်တောလေးကျေးရွာ အုပ်ချုပ်ရေးမှုး ဦးခင်မောင်ဝင်း၊၇၁နှစ်၊(ဘ)ဦးလွင်(ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးဥက္ကဌ)အား ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ယာ-လက် မောင်း ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊၎င်း၏ဇနီး ဒေါ်ညိုညို၊၆၈နှစ်၊(ဘ)ဦးအောင်ပွင့်အား ဝဲ-လည်ဂုတ် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ဂျိုင်းအောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့်လည်း ကောင်း သေဆုံးနေကြောင်း သိရသည်။

PAN

ZN