ဖြူးမြို့နယ်၌ ရဲဒုတပ်ကြပ်တစ်ဦးအား ထမင်းဆိုင်တွင် အကြမ်းဖက်သမားများမှ ဝင်ရောက်ပစ်သတ်


(ပြည်တွင်း) ဇူလှိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာနယ်မြေ ရဲစခန်းနှင့် (၄)ဖာလုံ ခန့်အကွာ၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ပဲခူးလမ်းတောင်ပိုင်းရှိ စိမ်းနုဝေ စားသောက်ဆိုင်တွင် ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က လုပ်ကြံသတ်ဖြတ်ခံရကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ရဲဒုတပ်ကြပ် လင်းလင်း သည် စိမ်းနုဝေ စားသောက်ဆိုင်တွင် မနက်စာစားနေစဉ် အကြမ်းဖက် သမား ၂ ဦးမှ ဆိုင်ကယ်(၁)စီးဖြင့်ရောက်ရှိလာကာ ဆိုင်အတွင်းသို့ ဝင်ရောက်၍ ရဲဒုတပ်ကြပ် လင်းလင်းအား လက်နက်ငယ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင်သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

ထိုပစ်ခတ်မှုကြောင့် ဝဲမျက်ခုံးပေါ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနားအောက် ၁ ချက်၊ ယာနံကြားဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ဇလုပ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အကြမ်းဖက်သမားများမှ အုန်းပင်စုကျေးရွာ ဘက်မှတဆင့် အင်းပင်သာကျေးရွာဘက်သို့ ပြန်လည် ထွက်ခွာသွားကြောင်းနှင့် သေဆုံးခဲ့သူ ရဲဒုတပ်ကြပ် လင်းလင်း၏ အလောင်းအား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့တင်ပို့၍ နယ်မြေခံလုံခြုံရေးအဖွဲ့များမှ နယ်မြေ ရှင်းလင်း၍ အမှုဖွင့် စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

KL #SZ