ပဲခူးမြို့နယ်တွင် ကျေးရွာအုပ်စု NLD ပါတီဝင် အကြမ်းဖက် PDF သားဖ နှစ်ဦးမှ တစ်အုပ်စုတည်းနေသူ နှစ်ဦးအား သတ်ဖြတ်ခဲ့


(ပြည်တွင်း) ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ်၌ ကျေးရွာ အုပ်စုတစ်စုတည်းတွင် အတူနေထိုင်ခဲ့ကြသော NLD ပါတီဝင် အကြမ်းဖက် PDF အဖွဲ့ဝင်သားဖ နှစ်ဦးမှကျေးရွာရာအိမ်မှုးနှင့် တစ်ရပ်တည်းနေသူတစ်ဦးအားသတ်ဖြတ်ခဲ့ပြီး ၊ ဒေသခံပြည်သူများအား ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၃၀ အချိန်ခန့်က ပဲခူးမြို့နယ်၊ ထန်းတောကြီးနယ်မြေရဲစခန်းအပိုင် သံစို့ပင်ကျေးရွာအုပ်စု၊ ဝံကိုက်လျှိုကျေးရွာ၊ စလူဆည်အနီး၌ ပဲခူးမြို့နယ်၊ ထန်းတောကြီးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသူ ရပ်/ကျေး NLDပါတီဝင် သန်းဝင်း (၆၂)နှစ်နှင့် ၎င်း၏သားဖြစ်သူပြည့်ဖြိုးအောင် ဦးဆောင်ပါဝင်သော အကြမ်းဖက် PDFအင်အား (၂၀)ဦးခန့်မှ ရောက်ရှိလာပြီး စလူဆည်အနီးနေ မြင့်မြတ်အောင် (၂၅)နှစ်၊ တံငါလုပ်၊ ဝံကိုက်လျှိုကျေးရွာ၊ ဆန်းမင်းအောင် ၊ ဆန်းမင်းအောင်၏ ဇနီး မပွင့်ဖြူအောင် ၊ ကိုနိုင် ၊ တံငါလုပ်၊ ကိုလှဝင်းအောင် ၊ဆည်အစောင့်၊ ကိုလှဝင်းအောင်၏ဇနီး၊ တင်မင်းလွင် တို့(၇)ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ကြိုးဖြင့်တုတ်နှောင်ပြီးဖမ်းဆီး၍ (၄)ဦးမှ အစောင့်အဖြစ် နေခဲ့ကြောင်း၊ ကျန်(၁၆)ဦးသည် ဝံကိုက်လျှို ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ပြီး ကျေးရွာအတွင်းရှိ ရာအိမ်မှူး ဦးတင်အောင်လွင် (၄၈)နှစ်နှင့် ကိုထွန်းထွန်းနိုင် (၄၇)နှစ်တို့(၂)ဦးအား စလူဆည်အနီးသို့ဖမ်းဆီး ခေါ်ဆောင်သွားကာ ရွာထိပ်အနီး၌ သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး ကြိုးဖြင့်တုပ်နှောင်ဖမ်းဆီးထားရှိသူ မြင့်မြတ်အောင်ပါ(၇)ဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီး အစောင့်(၄)ဦးအား ခေါ်ဆောင်ကာ စလူဆည်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

Telegram
https://t.me/positiveanglenews

PAN

KL #SZ