နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ


(ပြည်တွင်း) ဇူလှိုင် ၂၁

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲသံများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ ကြံခင်းကျေးရွာနှင့် ကန်သာကျေးရွာအနီး၌ ရှော့တိုက်ဒုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား တွေ့ရှိရပြီး လူနှင့်အဆောက်အဦ ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

ဆက်လက်၍ အဆိုပါ ဝန်းကျင်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေမှုများကို ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ အောင်စေတနာ ကျေးရွာ အနီး၌ ရှော့တိုက်ဒုံးပစ်ခတ်ပြီး ပျက်စီးနေသည့် ဒုံးပစ်စင် ၄ ခုနှင့် ပစ်ခတ်ရန်အသင့် တပ်ဆင်ထားသည့် ဒုံးပစ်စင် ၃ ခုတို့အား တွေ့ရှိခဲ့ရသဖြင့် ပစ်ခတ်ခြင်း မရှိသေးသည့် ဒုံးသီးများအား စနစ်တကျ သက်မဲ့ပြုလုပ်ခဲ့နိုင်ပြီး အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့် နေရာနှင့် အနီးဝန်းကျင်တစ်ဝိုက်အား ပိတ်ဆို့စစ်ဆေးရှာဖွေမှု များ ဆောင်ရွက်ခဲ့ရာ ရှော့တိုက်ဒုံးပစ်ခတ်ရာတွင် ပါဝင်သူအကြမ်းဖက်သမား နှစ်ဦးဖြစ်သည့် လယ်ဝေးမြို့ နယ်၊ သာဝတ္တိ၊ သစ်ကြိမ်းအုပ်စု၊ ဟေမာန်ကျေးရွာနေ ပြည့်ဖြိုးအောင်(ခ)နောက်စေ့နှင့် သက်ခိုင်ထွန်း(ခ)ကိုသက် တို့အား ကနဦး ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ ဖြစ်စဉ်နှင့်ဆက်စပ်သူ ၁၅ ဦးအား လိုအပ်သော စစ်ဆေးမှုများဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဖမ်းဆီးရမိတရားခံများအား တရားဉပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ