ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေ


(ပြည်တွင်း) ဇူလှိုင် ၂၁

အအေးမိခြင်းကို ကြက်သွန်ဖြူက ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ အခြားအအေးမိခြင်းနဲ့ ဖျားနာခြင်းတွေကို ကာကွယ်ဖိုအတွက် ကြက်သွန်ဖြူက အိမ်သုံးဆေးဝါး တစ်မျိုးပါပဲ။

လေ့လာတွေ့ရှိချက်အရ ကြက်သွန်ဖြူမှာ allicin ဓာတ်ပါဝင်မှုကြောင့် အအေးမိ၊ ဖျားနာခြင်းအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။

ဘလူးဘယ်ရီသီးတွေမှာ antioxidant အစွမ်းသတ္တိတွေပါဝင်တာမို့ ခုခံအားတိုးစေပါတယ်။ Anthocyanin လိုခေါ်တဲ့ antioxidant အစွမ်းပါဝင်ပါတယ်။

၂၀၁၆ တုန်းက လေ့လာချက်တစ်ခုအရ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုး ပါဝင်တယ်လို့သိရပါ တယ်။

အဲဒါကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ၊ အအေးမိဖျားနာတာတွေကို သက်သာ စေနိုင်ပါတယ်။ ဂျင်းကို ဟင်းလျာတွေထဲမှာထည့်သွင်း ချက်ပြုတ်တတ်ကြသလို လက်ဖက်ရည်ကြမ်းအဖြစ်လည်း ထည့်သွင်းသောက်သုံးတတ်ကြပါတယ်။

ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ဓာတ်နဲ့ antioxidant ဓာတ်တွေပါဝင်မှုကြောင့် ကျန်းမာရေးဆိုင်ရာအကျိုးအများကြီးရှိပါတယ်။ အအေးမိ၊ ဖျားနာခြင်းအတွက် အထူးသင့်လျော်ပြီး အကျိုးရှိတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်လို လေ့လာချက်တွေအရ သိရပါတယ်။

အနက်ရောင် ချောကလက်မှာ Theobromine ခေါ်တဲ့ antioxidant ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲ့ဒီဓာတ် က ခုခံအားစနစ်ကို တိုးမြင့်စေပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေ ပျက်စီးခြင်း ကို ကာကွယ်ပေးနိင်ပါတယ်။

ဖရီးရယ်ဒီကယ်တွေက ခန္ဓာကိုယ်ထဲကဆဲလ်တွေကို ပျက်စီးစေပြီး ရောဂါတွေ ပြန့်နှံစေနိုင်ပါတယ်။ နနွင်းကို ဟင်းချက်ရာမှာ ထည့်သုံးတတ်ကြပါတယ်။

ဆေးဝါးအဖြစ်လည်း တစ်ချိုနေရာတွေမှာ သုံးပါတယ်။ နနွင်းမှာပါဝင်တဲ့ curcumin ဓာတ်ကြောင့် ခန္ဓာကိုယ်တွင်းက ခုခံအားကိုလည်း မြှင့်တင် ပေးနိုင် ပါတယ်။ antioxidant အစွမ်းတွေပါဝင်ပြီး ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။

ဆော်လမွန်၊ တူနာ၊ ဆာဒင်းငါး နဲ့အခြားအဆီများငါးတွေမှာ omega-3 fatty acids ပါဝင်မှုများပြားတာကြောင့် ခုခံအားကျဆင်းတဲ့အခါမှာအဖြစ်များတဲ့ ခန္ဓာကိုယ်အဆစ်အမြစ်ယောင် ရောဂါမျိုးကို သက်သာစေနိုင်ပါတယ်။

ဟင်းနုနွယ်ရွက်က ခုခံအားတိုးမြင့်ပေးနိုင်ပါတယ်။ flavonoids ၊ carotenoids ၊ vitamin C နဲ့ vitamin E ပါဝင်မှုကြောင့် ခုခံအားကို မြင့်တင်ပေးဖို့ အကူအညီပေးပါတယ်။

flavonoids ဓာတ်က အအေးမိခြင်းကို ကာကွယ်ဖို ကူညီပေးနိုင်တယ်လို လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ ပန်းပွင့်စိမ်းမှာ ဗီတာမင်စီပါဝင်ပါတယ်။ sulforaphane ဆိုတဲ့ဓာတ်ပါဝင်မှုကြောင့် ခုခံအားကောင်းဖို ပုံမှန်စားသုံးသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။

ဒါ့အပြင် ကန်စွန်းဥမှာ beta carotene ဓာတ်ပါဝင်မှုကြောင့် ဗီတာမင်အေရဲ့အရင်းအမြစ်ဖြစ်ပြီး အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN