“Telematics မတပ်တဲ့ Express ယာဉ်များ အမြန်လမ်းသုံးခွင့်မပြု”

(ပြည်တွင်း)ဇူလိုင် ၂၀

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ Express ယာဉ်တွေအနေနဲ့ Telematics စနစ် စက်တပ်ဆင်ထားတာမရှိပါက အောက်တိုဘာလ ၁၆ ရက်ကစပြီး အမြန်လမ်းသုံးစွဲခွင့် ပြုမှာမဟုတ်ဘူးလို့ အမြန် လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ လမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်၊၊လက်ရှိမှာတော့ စက်တပ်ဆင်တာနဲ့ ပညာပေးကာလ ရက်ပေါင်း ၁၂၀ သတ်မှတ်ပြီး ဇွန်လ ၁၈ ရက်ကနေ အောက်တိုဘာလ ၁၅ ရက်အထိ စက်တပ်ဆင်တာတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊ အခုလို Telematics စနစ် စက်တွေတပ်ဆင်တာဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ခရီးသည်တင် ယာဉ်တွေ အမြန်လမ်းမကြီး ဥပဒေနဲ့အညီ စည်းကမ်းတကျ သွားလာစေဖို့၊ သတ်မှတ်နှုန်းအတိုင်း မောင်းနှင်စေဖို့နဲ့ ခရီးသွားပြည်သူတွေ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့အတွက် ရည်ရွယ်ပြီး ၂၄ နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#PAN