အနမ်းကွင်းရွာတိုက်ပွဲတွင် အကြမ်းဖက်သောင်းကျန်သူများ၏ ရုပ်အလောင်း ၁၀ လောင်းကျော်ရရှိဟုဆို

(ပြည်တွင်း) ဇူလိုင် ၂၀

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနမ်းကွင်းရွာတိုက်ပွဲတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ ရုပ်အလောင်း အလောင်း ၁၀ လောင်းကျော်ရှိတယ်လို့ လုံခြုံရေးအဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၆ နာရီအချိန်ခန့်တွင် အနမ်းကွင်းရွာအနီး ကင်းပုန်းဝပ်နေသော တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် KNU/PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးရာခဲ့သည့်အတွက် လုံခြုံရေးအဖွဲ့မှ လိုက်လံရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတိုက်ပွဲအတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ရုပ်အလောင်း ၁၀ လောင်း အမ်-၄ ကာဘိုင် ၁ လက်၊ ၎င်းကျည်အိမ် ၅ ခု၊ အမ်-၁၆ ၁ လက် ၊ ၎င်းကျည် ၁၀၁ တောင့်၊ အေကေ-၄၇ ၂ လက် ၊ ၎င်းကျည် ၄၂၄ တောင့်၊ ကျည်အိမ် ၅ ခု ၊ အမ်-၇၉ ၁ လက်၊ ၄၀ မမ ဗုံးသီး ၉ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

PAN