“မဟာဥပဒေဘွဲ့ Online (LL.M) သင်တန်းသားလျှောက်လွှာခေါ်ယူ”


(ပြည်တွင်း)ဇူလိုင် ၂၀
ဘွဲ့လွန်ဥပဒေပညာရပ်ကို လေ့လာသင်ယူလိုသူများအတွက် ရည်ရွယ်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ HRD အစီအစဉ်ဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဦးစီးကာ မဟာဥပဒေဘွဲ့ LL.M သင်တန်းကို Online ဖြင့် သင်ကြားပို့ချပေးမှာဖြစ်တာကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် မဟာဥပဒေပထမနှစ်သင်တန်းသားများကို လက်ခံသင်ကြားရန် သင်တန်းသားများ ခေါ်ယူခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ သင်တန်းသည် ဘွဲ့လွန်သင်တန်းအမျိုးအစားဖြစ်သဖြင့် သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မူရင်း၊ Online LL.B ဘွဲ့လက်မှတ်မူရင်း(သို့မဟုတ်) LL.B ဘွဲ့လက်မှတ်မူရင်း၊ နောက်ဆုံးနှစ် အမှတ်စာရင်းမူရင်းနှင့် အတူပူးတွဲ၍ ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် သင်တန်း ဝင်ခွင့်မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ဝင်ခွင့်မှတ်ပုံတင်ပြီးချိန်မှာတော့ သင်တန်းသားတစ်ဦးစီအတွက် Student ID နှင့် Password တို့ကို email ဖြင့် ပေးပို့ပေးသွားမှာဖြစ်ပါတယ်။
မဟာဘွဲ့ဥပဒေဘွဲ့ Online LL.M သင်တန်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ မှ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်ကြားပေးမယ့် သင်တန်းကာလအနေဖြင့် ပထမှနှစ်မှ ဒုတိယနှစ်အထိ ၂ နှစ်အကြာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ လျှောက်လွှာများကို ဇူလိုင်လ ၂၂ မှ စတင် လက်ခံပေးသွားမှာဖြစ်ပြီး ၎င်းသင်တန်းဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်အဝေးသင် တက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် လာရောက်လျှောက်ထားနိုင်ပါတယ်။ ဇူလိုင်လ ၂၆ ရက်မှာတော့ လျှောက်လွှာ များကို ပိတ်သိမ်းသွားမှာဖြစ်ပြီး ထိုနည်းတူ ဇူလိုင်လ ၂၂ ရက်မှ ၂၆ ရက်အထိ ရုံးဖွင့်ရက်နှင့် ရုံးချိန်အတွင်း ကျောင်းအပ် လက်ခံပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက လျှောက်လွှာပိတ်သိမ်း သွားမှာဖြစ်တာကြောင့် တက်ရောက်သင်ကြားလိုသူများအနေဖြင့် အမြန်ဆုံးလျှောက်ထားရန် လိုအပ်ပါတယ်။ သင်တန်းနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက သင်တန်းကြီးကြပ်မှုကော်မတီ၊ ရန်ကုန် အဝေးသင်တက္ကသိုလ် ၄၇(က)၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ဖုန်း-၀၁-၅၃၆၅၈၁၊ ၀၁-၂၃၀၅၉၃၈၊ ၀၁-၅၂၅ ၁၆၄ တို့ထံ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ကြောင်း သိရပါတယ်။
#PAN