စဉ့်ကူးမြို့အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


(ပြည်တွင်း) ဇူလှိုင် ၂၀

PDF အမည်ခံ အကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်း မှစ၍ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ စဉ့်ကူးမြို့ဝန်းကျင်ရှိ လုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ခြင်း၊ မြို့ အတွင်းသို့ဝင်ရောက်ပြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသော နေရာများကို တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ထို့နောက် PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူ ဒေသခံ များ၏ နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် စဉ့်ကူးမြို့မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကို လက်မခံနိုင်သော စဉ့်ကူးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက ၎င်းတို့၏ ရပ်ရွာလုံခြုံရေးအတွက် မြို့၊ ရွာကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခဲ့ပြီး တပ်မတော်အနေဖြင့် အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ဆောင်ရွက်ရန်အတွက် လိုအပ်သည့်မြို့၊ ရွာကာကွယ်ရေးအဖွဲ့များ အပါအဝင် ပြင်ဆင်လေ့ကျင့်ခြင်းနှင့် လိုအပ်သည့် စုဖွဲ့မှုများကို ဆောင်ရွက်ခဲ့သည်။

ထို့ကဲ့သို့ စုဖွဲ့ပြင်ဆင်ပြီးနောက် တပ်မတော်စစ်ကြောင်းများသည် စဉ့်ကူးမြို့ အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ PDF အမည်ခံအကြမ်းဖက်သမားများအား အကြမ်း ဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter– Terrorism Operation) ဆောင်ရွက်ရန် အတွက် ဇူလိုင်လ ၁၉ ရက်တွင် စဉ့်ကူးနယ်မြေအတွင်းသို့ ရေလမ်း ကြောင်း၊ ကုန်း လမ်းကြောင်းတို့မှ စနစ်တကျအဆင့်ဆင့်ခြေကုတ်ယူ၍ လေကြောင်းပစ်ကူ၊ လက်နက် ကြီးပစ်ကူများရယူ ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သမားများ ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး စဉ့်ကူးမြို့အား ယနေ့တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည် ထိန်း ချုပ်နိုင်ခဲ့ပြီဖြစ်သည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် စဉ့်ကူးမြို့အတွင်းသို့ ရောက်ရှိ နေစဉ်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာန ဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များအား အကာအကွယ်ရယူ၍ ပစ်ခတ်တိုက် ခိုက်ခြင်း၊ အများပြည်သူသွားလာ အသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ် ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ လေကြောင်းပစ်ကူ၊ လက်နက် ကြီးပစ်ကူများ ရယူချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများကြောင့် အကြမ်းဖက်သမားများ သည် လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်း ထောင်ဖောက်ခွဲခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စဉ့်ကူးမြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Webpage »…
https://positiveanglenews.com/2024/07/19/လုပ်ငန်းသုံးယာဉ်များအာ/

VK Link>>…
https://vk.com/wall-220066330_7199

Telegram»…
https://t.me/positiveanglenews

PAN

SZ