“ဂျူဗင်တပ်စ် အသင်းက ဝါရင့်ကွင်းလယ်ကစားသမား ရာဘီယော့ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုမည် မဟုတ် ကြောင်း အတည်ပြုပြောကြား”

(အားကစား)ဇူလိုင် ၂၀

ဂျူဗင်တပ်စ်အသင်း က အသင်းမှ ဝါရင့်ကွင်းလယ်ကစားသမား ဖြစ်သူ ရာဘီယော့ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုမည် မဟုတ်ကြောင်း အတည်ပြုကြေညာခဲ့ပြီးနောက် ၎င်းအနေဖြင့် အသင်းလက်မဲ့ကစားသမားတစ်ဦးဖြစ်လာ ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ရာဘီယော့ ဟာ ၂၀၁၉ ခုနှစ်မှာ ပီအက်စ်ဂျီ အသင်းနှင့်စာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အလွတ်ပြောင်းရွေ့ကြေးဖြင့် ဂျူဗင်တပ်စ် အသင်းကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ဇွန်လ အကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။အစောပိုင်းက ရာဘီယော့ ကို ကာလတိုသက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့သော်လည်း ပြန်လည် ပြင်ဆင်ခဲ့ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုခြင်းမရှိတော့တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာ ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ရာဘီယော့ က ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက မန်ယူအသင်းကို ပြောင်းရွှေ့ ခွင့်ရရှိရန် နီးစပ်ခဲ့သော်လည်း လုပ်ခလစာ ညှိနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့သည့်အတွက် ယခုအခါ မန်ယူအသင်းမှ ခေါ်ယူမည်ဆိုပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ဖွယ်ရှိပြီး ဒုတိယအကြိမ် ဆွေးနွေးမှုများလုပ်ဆောင်ဖွယ်ရှိကြောင်း သိရပါတယ်။

#PAN