ချဲလ်ဆီးအသင်းရဲ့ ဝတ်စုံကို ပရိသတ်များက ဝေဖန်ခဲ့


(အားကစား)ဇူလိုင် ၂၀
ချဲလ်ဆီးအသင်းက လာမယ့် ၂၀၂၄-၂၅ ရာသီမှာ ဝတ်ဆင်ကစားမယ့် အိမ်ကွင်းဝတ်စုံသစ်ကို မိတ်ဆက် ပြသခဲ့ရာ ပရိသတ်များစွာက လှောင်ပြောင်ဝေဖန်ခဲ့ကြကြောင်း သိရပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ဝတ်စုံသစ်မှာ ယခင်ဝတ်ဆင်ခဲ့တဲ့ အိမ်ကွင်းဝတ်စုံများနှင့် ခြားနားနေပြီး အပြာရင့်ရောင်ကို အသုံးပြုထားတဲ့အပြင် မီးလျှံများပုံစံလည်း ဒီဇိုင်းဖန်တီးထားခြင်းဖြစ်ပါတယ်။ ပရိသတ်အများစုက မြင်တွေ့ဖူးသမျှ အဆိုးရွားဆုံးအင်္ကျီ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ရာသီက လက်တွဲခဲ့တဲ့ Infinite Athlete နှင့် သက်တမ်းကုန်သွားတာကြောင့် ရင်ဘတ်စပွန်ဆာလည်း မရှိသေးကြောင်း သိရပါတယ်။

#PAN