ကချင်ပြည်နယ် ပူတာအို-ခေါင်လန်ဖူးလမ်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းတံတားများပျက်စီး၍ ကျောင်းသားကျောင်းသူများ သွားလာမှုခက်ခဲ


(ပြည်တွင်း) ဇူလှိုင် ၂၀

ကချင်ပြည်နယ် ၊ ပူတာအို -ခေါင်လန်ဖူးလမ်းပိုင်းတွင် ယခုနှစ် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပြိုကာ တံတားပျက်စီးခဲ့ရခြင်း၊ လမ်းပိုင်းနေရာများစွာ ပျက်စီးသွားခြင်းတို့ကြောင့် သွားလာရေးခက်ခဲ​ကာ ယနေ့ထိ ပူတာအိုမြို့သို့ ကျောင်းသွားတက်မည့် ကျောင်းသားများမှာလည်း ယခုထိ ပူတာအိုကျောင်းသို့ မရောက်ရှိနိုင်ဘဲ ပိတ်မိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ခေါင်လန်ဖူးမှ ကျောင်းသားအများစုမှာ အလယ်တန်းကျောင်းမှစပြီး ပူတာအိုအထက်တန်းကျောင်းသို့ သွားရောက်ကာ ပညာသင်ကြားနေရကြောင်း၊ ယခုနှစ်၌ လမ်းပိုင်းနေရာများပျက်စီးသွားသဖြင့်ဆက်သွယ်ရေး ခက်ခဲနေသောကြောင့် ကျောင်းတက်ရန်အတွက် မသွားနိုင်သေးကြောင်း ၊ခေါင်လန်ဖူးဒေသတွင် အထက် တန်းကျောင်းအဆင့်ထိ ဖွင့်လှစ်သင်‌ကြားနေသော်လည်းမယခုနှစ်တွင် လမ်းခရီးခက်ခဲသည့်အပြင် စာသင်ကြားပေးမည့် ကျောင်းဆရာ/မ များလည်း မရောက်ရှိ လာခြင်းတို့ကြောင့် ကျောင်းကိုပင် ကောင်းကောင်းမဖွင့်နိုင်ကြောင်းသိရသည်။ ခေါင်လန်ဖူးဒေသသည် ပူတာအို‌မြို့နယ်တွင်းဒုတိယလူဦးရေအများဆုံးဒေသဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေး အခက်ခဲဆုံး‌ဒေသတစ်ခုလည်း ဖြစ်ကြောင်း ဒေသခံများထံက သိရှိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ