ရေတာရှည်မြို့နယ်၊ ဒေါင်းအင်းကုန်းရွာရှိ ပြည်သူ့စစ်တာဝန်ထမ်းဆောင်နေသူ ၂ ဦး၏ ညီဖြစ်သူအား အကြမ်းဖက် KNU ဦးကိုကြီး လက်အောက်ခံအဖွဲ့မှ သတ်ဖြတ်


(ပြည်တွင်း) ဇူလှိုင် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဒေါင်းအင်းကုန်းအုပ်စု၊ ဒေါင်းအင်းကုန်းရွာနေသူ တစ်ဦးအား ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က အကြမ်းဖက် KNU ဦးကိုကြီး လက်အောက်ခံအဖွဲ့မှ အကြောင်းမဲ့ လာရောက်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

သေဆုံးသူ မောင်ရဲလင်းအောင်၊ (ဘ)ဦးဝင်းကြည်၊ အသက် ၃၀ နှစ်အား အကြမ်းဖက် KNU ဦးကိုကြီး လက်အောက်ခံ မျိုးလှိုင်ဝင်း၊ ဝင်းခိုင်(ဒေါင်းအင်း ကုန်းရွာသား)၊ ဦးပုလေး တို့ ဦးအဆောင်သောအဖွဲ့မှ ဒေါင်းအင်းကုန်းရွာသို့ လာရောက်ရှိလာပြီး အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။

သေဆုံးသူ မောင်ရဲလင်းအောင် သည်လက်ရှိ ပြည်သူ့စစ်တာဝန်ထမ်းဆောင်နေသော ဦးစိုးခိုင်၊ ဦးစိုးလှိုင် တို့၏ ညီအရင်းဖြစ်ကြောင် သိရှိရပြီး ကြာအင်းကုန်းရွာ၊ ဒေါင်းအင်းကုန်းအုပ်စု များသည် အကြမ်းဖက် KNU/PDF အဖွဲ့များမှ အမြဲဝင်ထွက်ဆတ်ကြေးကောက်ခံလျှက်ရှိသော ကျေးရွာများ ဖြစ်ကြောင်း သတင်းအရင်းမြစ်များ အရသိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ