ရာသီသစ်အတွက် လေ့ကျင့်မှုစတင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း


(အားကစား) ဇူလိုင် ၁၉

နည်းပြသောမတ်တူချယ်နဲ့ လမ်းခွဲပြီးနောက် ဘန်လေနည်းပြ ကွန်ပနီ ကို နည်းပြသစ်ခန့်အပ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်မှုတွေကို ဇူလိုင်လ ၁၇ ရက်က စတင်ပြုလုပ်ခဲ့ကြပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့ပြီးနောက် လာမယ့်ရာသီမှာ ရလဒ်ကောင်းရဖို့ အတွက် လေ့ကျင့်မှုတွေကို ကြိုတင်လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ လေ့ကျင့်ရေးမှာ စီနီယာကစားသမားတချို့ ပါဝင်ခဲ့သလို ကစားသမားသစ် အီတို လည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေကို ဇူလိုင်လ ၂၄ ရက်မှာ စတင်ပြီး ကစားသွားမှာဖြစ်ပါတယ်။

နည်းပြသစ် ကွန်ပနီ လက်ထက်မှာ ကစားသမားသစ်ခေါ်ယူတာတွေ လုပ်ဆောင် နေတာကြောင့်လည်း လာမယ့်ရာသီမှာ ရလဒ်ကောင်းတွေရလိမ့်မယ်လို့ ဘိုင်ယန်အသင်းက မျှော်လင့်နေပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ