(ပြည်တွင်း)ဇူလိုင် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ပြည်ထောင်စုလမ်းမကြီးပေါ်မှ ရပ်ကွက်အတွင်းသို့ဝင်သောလမ်းသွယ်တွင် ရက်ကွက်အတွင်းနေလူထုအချို့မှ စည်းကမ်းမဲ့စွာဖြင့် ၎င်းတို့၏စားကြွင်းစားကျန်များနှင့် ပလပ်စတစ်အမှိုက်အများအပြားကို လာရောက်စွန့်ပစ်ထားကြခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မြေမြင့်ရပ်ကွက်၊ လမ်းသွယ် (၁၁)တွင် ရေကြီးရေလျှံပြီးနောက်ပိုင်း ထိုအမှိုက်များမှထွက်သည့် အနံ့အသက်ဆိုးများမခံမရပ်နိုင်အောင်ဖြစ်နေကြောင်း သက်ဆိုင်ရာမှလာရောက်ရှင်းလင်းသည့်တိုင် ရပ်ကွက်နေထိုင်သူများအပြင် မလီဇွပ်ကိုယ်ပိုင်ဆေးရုံ၊ ကြက်သားလုပ်ငန်းရုံများမှ အမှိုက်ထုပ်များကို သတ်မှတ်ချိန်အတွင်းမဟုတ်သည့်အချိန်များ၌ စည်းကမ်းမဲ့လာရောက်ကာစွန့်ပစ်နေသဖြင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းသူများသည် ထိုအနံ့အသက်ဆိုးများကြောင့် ရေရှည်တွင် ရောဂါအခြေအနေပိုမိုခံစားလာနိုင်ကြောင်း၊ သက်ဆိုင်ရာမှလိုအပ်သလို အပြစ်ပေးဒဏ်ပေးစနစ်ဖြင့် စည်းကမ်းတကျကြပ်မတ်ဆောင်ရွက်ပေးစေလိုသည်ဟု ဒေသခံများထံမှ အကူအညီတောင်းခံလာပါကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ သိစေရန်တောင်းဆိုလာပါသည်။
#PAN