မိုဒရစ် ကို တစ်နှစ်စာချုပ် သက်တမ်းတိုးခဲ့တဲ့ ရီးရဲလ်အသင်း


(အားကစား) ဇူလိုင် ၁၉

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ခရိုအေးရှား ဝါရင့်ကွင်းလယ်လူ မိုဒရစ် ကို တစ်နှစ် စာချုပ်နဲ့ သက်တမ်းတိုးနိုင်ခဲ့ပြီလို့ ဇူလိုင်လ ၁၇ ရက်က တရားဝင်ကြေညာခဲ့ပါတယ်။

မိုဒရစ် နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စာချုပ်သက်တမ်းက ပြီးခဲ့တဲ့ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိတဲ့ တစ်နှစ် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသင်းဖော် တိုနီခရူးစ် က ဘောလုံးကစားသမားဘဝကနေ အနားယူသွားခဲ့ပေမယ့် အသက် ၃၈ နှစ်အရွယ် မိုဒရစ် ကတော့ ကစားသမားဘဝကနေ အနားယူဖို့ဆန္ဒမရှိဘဲ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ကစားဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မိုဒရစ်ဟာ ၂၀၁၂ ခုနှစ်မှာ စပါးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချန်ပီယံ လိဂ်ဖလား ၆ လုံးအပါအဝင် ဖလားပေါင်း ၂၆ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မိုဒရစ် ဟာ ရီးရဲလ်မက်ဒရစ်ကစား သမားဘဝ ၁၂ နှစ်တာ ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၅၃၄ ပွဲမှာ ၉၃ ဂိုးသွင်းယူကာ ၇၉ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ