ပင်လယ်နက်ဒေသတွင် NATO ပိုမိုပါဝင်လာခြင်းသည် ခြိမ်းခြောက်မှုဖြစ်ကြောင်း ရုရှားပြော


(နိုင်ငံတကာ) ဇူလိုင် ၁၉

ပင်လက်နက်ဒေသတွင် NATO အဖွဲ့က ပိုမိုပါဝင်လာခြင်းသည် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်လျက်ရှိပြီး လိုအပ်သည့်တုံပြန်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ က ဇူလိုင်လ ၁၈ ရက်တွင် ပြောသည်။

ပင်လယ်နက်ဒေသသို့ NATO အဖွဲ့၏ သင်္ဘောများ ပိုမိုဝင်ရောက်လာခြင်းနှင့် အထူးသဖြင့် ဘူဂေးရီးယား နှင့် ရိုမေးနီးယားနိုင်ငံတို့တွင် ယင်းအဖွဲ့က ပိုမိုပါဝင်လာခြင်းသည် နိုင်ငံအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ပက်စကော့ က ပြောကြားခြင်းဖြစ်သည်။

ပက်စကော့ ၏ အဆိုပါပြောကြားချက်သည် ယူကရိန်းအစိုးရက ၎င်းတို့၏ရေတပ်ဆိုင်ရာ လုံခြုံရေး မဟာဗျူဟာကို ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယူကရိန်းအစိုးရ၏ အဆိုပါမဟာဗျူဟာအရ ယူကရိန်းအစိုးရအနေဖြင့် ၎င်းတို့၏ ရေတပ်ဖွဲအင်အားတောင့်တင်းစေရန်နှင့် ပင်လယ်နက်အတွင်း လုံခြုံရေး တည်ဆောက်ရန်တို့ ပါဝင်သည်။

ထို့ပြင် ယူကရိန်းအစိုးရ၏ မဟာဗျူဟာအရ NATO အဖွဲ့၏ တပ်များကို ပင်လယ်နက်ဒေသတွင် အမြဲတမ်းဖြန့်ကြက်ရေးတို ပါဝင်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ