ညောင်ဦးမြို့နယ်တွင် အုပ်စုအုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်တိုက်နယ်၊ ကူတောကျေးရွာ အုပ်စု၊ ကြို့ပင်သာကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှုးအား ယမန်နေ့ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က နေအိမ်တွင်ရှိနေစဥ် အကြမ်းဖက်သမား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကြို့ပင်သာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းထွန်း၊ အသက် ၆၂ နှစ်၊(ဘ)ဦးသာဒွေးသည် နေအိမ်တွင်ရှိနေစဥ် အကြမ်းဖက်သမား PDF အဖွဲ့ဝင် ၆ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် သေနတ်အတိုအရှည်များ ကိုင်ဆောင်ကာ နေအိမ်အတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ပြီး ရွာမြောက်ဘက်လမ်းအတိုင်း ပြန်လည် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသိန်းထွန်းတွင် ယာ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နှာခေါင်း ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်အလယ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဆီးခုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-တင်ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ယင်းအခင်းဖြစ်နေရာမှ USA LUGER 9-MM ကျည်ခွံ ၃ ခု၊ 9-MM Thai ARMS ကျည်ခွံ ၂ ခု၊ .380 Auto Thai ARMS ကျည်ခွံ ၂ ခု၊ ၎င်းကျည် ၂ တောင့်တို့အား တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

Webpage >>…
https://positiveanglenews.com/2024/07/19/ရေတာရှည်မြို့နယ်၊-ဒေါင်/

VK Link>>…
https://vk.com/wall-220066330_7194

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ