စင်ကာပူမြို မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဒုတိယအကြိမ် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်


(နိုင်ငံတကာ) ဇူလိုင် ၁၉

စင်ကာပူမြို့ရှိ မြန်မာသံရုံးက အထူးအစီအစဉ်ဖြင့် သက်တမ်းတိုးရန် စာရင်းပေးသွင်းထားပြီး ကျန်ရှိနေသူ များကို ဇူလိုင်လ ၂၁ ရက်တွင် ဒုတိယအကြိမ် အထူးအစီအစဉ်ဖြင့် သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

သက်တမ်းတိုးရန် စာရင်းပေးထားပြိး ကျန်ရှိနေသူ ၂၀၀ ခန့်ရှိနေပြီး အဆိုပါအမည်စာရင်းတွင် ပါဝင်နေသူများ အနေဖြင့် လိုအပ်သောစာရွက်စာတမ်းများကို ပြည့်စုံစွာယူဆောင်၍ ဇူလိုင်လ ၂၁ ရက် နံနက် ၉ နာရီခွဲတွင် မြန်မာသံရုံးသို့လာရောက်၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးနိုင်ရေး အသိပေးကြေညာထားပါတယ်။

ဒုတိယအကြိမ်အထူးအစီအစဉ်ဖြင့် သက်တမ်းတိုးခွင့်ရသည့် နိုင်ငံကူးလက်မှတ်များကို ဇူလိုင်လ ၂၃ ရက်နှင့် ၂၄ ရက်(မွန်းလွဲ ၁ နာရီမှ ၃ နာရီ)တွင် မြန်မာသံရုံး၌ ပြန်လည်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

အထူးအစီအစဉ်တွင် ပါဝင်ခြင်းမရှိသည့်တိုင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆောင်ရွက်လိုသူများအနေနဲ့ မြန်မာသံရုံး၏ WhatsApp နံပါတ် +၆၅ ၈၂၄၆၈၅၈၁ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် ပုံမှန် ရုံးဖွင့်ရက်များအတွင်း သက်တမ်းတိုးခွင့်ရရှိသူများ၏ အမည်စာရင်းကို အပတ်စဉ်သောကြာနေ့တိုင်း သံရုံးဝက်ဆိုက် http://www.myanmarembassy.sg ၌ ထုတ်ပြန်ကြေညာပေးလျက်ရှိပါတယ်။

မြန်မာသံရုံးအနေဖြင့် မည်သည့်ပုဂ္ဂလိကဝန်ဆောင်မှုကုမ္ပဏီ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကိုမျှ ဝန်ဆောင်မှု ဆောင်ရွက်ခွင့် ပေးထားခြင်းမရှိပါကြောင်းနှင့် မြန်မာ သံရုံးအမည်ဖြင့် Facebook,Messenger,Instagram စသည့် လူမှုကွန်ရက်များဖြင့် Online appointment ဝန်ဆောင်ခရယူဆောင်ရွက်ပေးခြင်း မရှိပါကြောင်း၊ မြန်မာနိုင်ငံသားများ ထံမှ အခကြေးငွေရယူ၍ Online appointment ဆောင်ရွက်နေသူများအား အထူးသတိပြုကြပါရန် အသိပေးနှိးဆော် အပ်ပါကြောင်းဖြင့် ထုတ်ပြန်ကြေညာထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ