ဂျာမနီတွင် ဒုံးကျည်များဖြန့်ကြက်မည့် အမေရိကန်၏အစီအစဉ်ကို တုံပြန်သည့်အနေဖြင့် နျူကလီးယား ဒုံးကျည်များကို ဖြန့်ကြက်နိုင်ဖွယ်ရှိကြောင်း ရုရှားပြော


(နိုင်ငံတကာ) ဇူလိုင် ၁၉

ဂျာမနီနိုင်ငံအတွင်း အမေရိကန်က တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်မည့်အစီအစဉ်ကို တုံပြန်သည့် အနေဖြင့် ရုရှားနိုင်ငံက ၎င်းတို့၏ နျူကလီးယားဒုံးကျည်များကို ဖြန့်ကြက်နိုင်ဖွယ်ရှိကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ရုရှားနိုင်ငံအနေဖြင့် ၎င်းတို့၏ ကာလင်နီဂရက်ဒေသကို ကာကွယ်နိုင်ရေးအတွက် နျူကလီးယားဒုံးကျည်များအား ဦးစားပေးအစီအစဉ်အဖြစ် ဖြန့်ကြက်နိုင်ဖွယ်ရှိ ကြောင်း အင်တာဖက်သတင်းအေဂျင်စီက ဖော်ပြသည်။

အဆိုပါဒေသသည် NATO အဖွဲဝင်နိုင်ငံများဖြစ်သည့် ပိုလန်နှင့် လစ်သူယေးနီးယားနိုင်ငံတို့ကြားတွင် တည်ရှိသည်။

NATO အဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပဒေသအား ကာကွယ်ရေးအတွက် လာမည့် ၂၀၁၆ ခုနှစ်မှစ၍ အသံထက်မြန်သည့် လက်နက်စနစ်များအပါအဝင် တာဝေးပစ် ဒုံးကျည်များကို ဂျာမနီတွင် စတင်ဖြန့်ကြက်မည်ဟု အမေရိကန်အစိုးရက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် အမေရိကန်၏ အဆိုပါလုပ်ဆောင်မှုကို ထိရောက်စွာတုံပြန်နိုင်ရေးအတွက် လုပ်ဆောင်မည်ဟု ရုရှားက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ