ကစားသမားဘဝမှ အနားယူခဲ့သည့် အယ်ကန်တာရာ ဘာစီလိုနာအသင်း နည်းပြအဖွဲနှင့် ပြန်လည်ပူးပေါင်း


(အားကစား) ဇူလိုင် ၁၉

ပြီးခဲ့သည့် ရက်သတ္တပတ်က ကစားသမားဘဝမှ အနားယူခဲ့သည့် လီဗာပူးအသင်း ကစားသမားဟောင်း အယ်ကန်တာရာ အနေနဲ့ နည်းပြ ဖလစ် တာဝန်ယူနေတဲ့ ဘာစီလိုနာအသင်း နည်းပြအဖွဲ့တွင် လေ့ကျင့်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် ပြန်လည်ပူးပေါင်းခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ အယ်ကန်တာရာ ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းတွင် နည်းပြ ဖလစ် နှင့် လက်တွဲခဲ့သူဖြစ်ပြီး အသင်းအား အဓိကဆုဖလား သုံးလုံး ရရှိအောင် ၎င်း၏ခြေစွမ်းပိုင်းဖြင့် ကူညီပေးခဲ့တာကြောင့် နည်းပြ ဖလစ် က အယ်ကန်တာရာ ရဲ့ စွမ်းဆောင်ရည်ကို သဘောကျခဲ့ပြီး ဘာစီလိုနာနည်းပြအဖွဲ့တွင် ပါဝင်ရန် အခုလို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အယ်ကန်တာရာ အနေနဲ့ ဘာစီလိုနာအသင်း နည်းပြအဖွဲ့တွင် ယာယီတာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး အနာဂတ်နှင့်ပတ်သက်လို ထုတ်ပြန်ခြင်းမရှိသေးဘဲ နည်းပြ ဖလစ် ရဲ့ နည်းပြအဖွဲ့ဝင်များဖြစ်တဲ့ မားကပ်ဆော့၊ တိုနီတယ်လိုဗစ်၊ ဝက်စတားမန်း၊ ဂျိုရာမွန် တို့နဲ့အတူ လက်တွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ