NATO အဖွဲ့သို့ ယူကရိန်းဝင်ရောက်ခြင်းက ရုရှားနိုင်ငံအား စစ်ကြေညာခြင်းဖြစ်ဟု မက်ဗီဒက် သတိပေး ပြောကြား


(နိုင်ငံတကာ) ဇူလိုင် ၁၈

NATO အဖွဲအတွင်းသို့ ယူကရိန်းဝင်ရောက်ခြင်းသည် ရုရှားနိုင်ငံအား စစ်ကြေညာခြင်းဖြစ်ကြောင်း ရုရှား သမ္မတဟောင်းနှင့် လက်ရှိရုရှား လုံခြုံရေးကောင်စီ လက်ထောက်ဥက္ကဋ္ဌ ဒီဗထရီဗက်ဗီဒက် က သတိပေးပြောကြား သည်။

ထို့ကြောင့် NATO အဖွဲ့ဝင်နိုင်ငံများ၏ အမျှော်အမြင်ရှိခြင်းက ကြီးမားသည့် အပျက်အစီးဖြစ်ပွားမည့် အခြေအနေကို ကာကွယ်ဟန့်တားနိုင်မည်ဖြစ်ကြောင်း မက်ဗီဒက် ကဇူလိုင်လ ၁၇ ရက် ထုတ်ပြန်ချက်တွင် ပြောကြား ခြင်း ဖြစ်သည်။

ယူကရိန်းနိုင်ငံက NATO အဖွဲ့သို့ အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် ဝင်ရောက်ခြင်းသည် ရုရှားနိုင်ငံအပေါ် တိုက်ရိုက် ကျရောက်နေသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ ပြိုင်ဘက်နိုင်ငံများသည် စစ်ရေးအရ ပူးပေါင်း မှု ကို နှစ်ပေါင်းများစွာကြာ ချဲ့ထွင်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက သတင်းဌာနတစ်ခုသို ပြောကြားသည်။

ထို့ပြင် ရုရှားနိုင်ငံသည် NATO အဖွဲ့အား ခြိမ်းခြောက်ခြင်းမရှိသော်လည်း မိမိတို့ အကျိုးစီးပွားအတွက် တုံပြန်သွား မည်ဖြစ်ကြောင်း မက်ဗီဒက် က ဆက်လက်ပြောကြားခဲ့သည်ဟု ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram
https://t.me/positiveanglenews/22224

PAN

#SZ