အောင်မြေသာစံမြို့နယ် မရမ်းခြံဆိပ်ကမ်းတွင် အကြမ်းဖက်အဖွဲ့စည်းနှင့် စပ်နွယ်နေသည့် အမျိုးသမီး တစ်ဦးဖမ်းဆီးရမိ


(ပြည်တွင်း) ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊သီရိမာလာအနောက်ရပ်ကွက်၊၂၂လမ်းနှင့်၂၆ လမ်း ကြား၊ကမ်းနားလမ်းရှိ မရမ်းခြံဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိသော စက်လှေများ၊သင်္ဘောများပေါ်တွင် အကြမ်းဖက်အဖွဲ့အစည်းနှင့်ပတ်သက်ဆက်နွယ်နေသူများ စိမ့်ဝင်လာမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေစစ်ဆေးခဲ့ရာ ယနေ့နံနက်၁၁နာရီခွဲအချိန်ခန့်က မတ္တရာမြို့နယ်၊ဒေါင်းကျွန်းကျေးရွာနှင့် မန္တလေးသို့ ပြေးဆွဲသည့် ဗိုလ်အောင် ရေယာဉ်မော်တော်ပေါ်တွင် လိုက်ပါလာသည့် မထက်မြတ်နိုးဦး(ခ)မနိူးနိူးအား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းကိုင်ဆောင်သည့် Infinix Note 30 မိုးပြာရောင်၊ ဖုန်းအမှတ် 09-942206073 ဖြင့် လွန်ခဲ့သော ၂၀၂၄ ခုနှစ်၊၂ လပိုင်းခန့်က ၎င်း၏ သူငယ်ချင်း ပြင်ဦးလွင်ခရိုင်၊ တပ်ရင်း(၁)တွင် အကြမ်းဖက် PDF အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသော သော်ဇင်ဦး(ခ)သော်သော်အား ဆက်သွယ်ပြောဆိုခဲ့ကြောင်း၊ ထပ်မံ၍ PDF အကြမ်းဖက်အဖွဲ့ဝင် Htet Gyi (အမည်အရင်းမသိ)နှင့် ၂၀၂၄ ခုနှစ်၊၂လပိုင်း အတွင်းတွင်ပင် Tiktok အကောင့်မှ ရင်းနှီးခဲ့ပြီး သမီးရည်းစားဖြစ်ကာ မထက်မြတ်နိုးဦး(ခ)မနိုးနိုးမှ ၎င်းအသုံးပြုသည့် Tiktok “@kgmalay 01 6 အကောင့်ဖြင့်လည်းကောင်း၊ Sunako အကောင့်တို့မှလည်းကောင်း၊ Htet gyi အသုံးပြု သည့် Tiktok “htet.gyi9046 အကောင့်ဖြင့်လည်းကောင်း Viber အကောင့် Candy အကောင့်ဖြင့်လည်းကောင်း ပြောဆိုဆက်သွယ်ခဲ့မှုများနှင့် ၁၆-၇-၂၀၂၄ ရက်နေ့တွင် မထက်မြတ်နိုးဦး(ခ)မနိုးနိုးသည် မန္တလေးမြို့မှအပြန် ဒင်္ဂါးကျွန်းတွင် လုံခြုံ ရေး တပ်ဖွဲ့ဝင်များမှ ပိတ်ဆို့စစ် ဆေးနေသည်ကို Viber မှတဆင့် Htet gyi ထံသို့ “ခွေးတွေခြေရှုပ်နေတာ စစ်နေလို့”ဟု စာပေးပို့ခဲ့မှု အားစစ်ဆေးတွေ့ရှိခဲ့သဖြင့် PDF အကြမ်းဖက်အဖွဲ့ဝင်များ ဖြစ်ကြောင်းသိလျက်နှင့် သတင်းပေးရန် ပျက်ကွက်ခဲ့သူ မထက်မြတ်နိုးဦး(ခ)နိုးနိုး၊ အသက် ၁၉နှစ်၊ (ဘ)ဦးအောင်ကျော်ဦး၊ ဒေါင်းကျွန်းကျေးရွာ၊ မတ္တရာမြို့နယ်နေသူအား အောင်မြေသာစံမြို့နယ်၊အမှတ် (၅)မြို့မရဲ စခန်းမှ (ပ)၁၂၁/၂၀၂၄၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ (က)ဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Telegram
https://t.me/positiveanglenews/22224

PAN

SZ