အီရန်က ထရမ့်အား လုပ်ကြံရန် ကြံစည်နေဟူသော ထောက်လှမ်းရေးသတင်းရရှိခဲ့ဟု အမေရိကန်ပြော


(နိုင်ငံတကာ) ဇူလိုင် ၁၈

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား အီရန်နိုင်ငံက လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေသည် ဟူ သော ထောက်လှမ်းရေးသတင်းများအား ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ကတည်းက ရရှိခဲ့ကြောင်း အမေရိကန်အစိုးရ က ထုတ်ပြန်သည်။

အီရန်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်က အီရန်တပ်မှူးတစ်ဦးဖြစ်သူ ကာဆန်ဆိုလေ မာနီအား လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးမှုကြောင့် အီရန်က သမ္မတဟောင်း ထရမ့် အား လက်တုံပြန်မည်ကို အမေရိကန်အရာရှိများက စိုးရိမ်မကင်းဖြစ်ခဲ့ကြောင်း၊

ထိုသို့သော ခြိမ်းခြောက်မှုမျိုးကို အထူဦးစားပေးရမည့် အမျိုးသား နှင့် အမိမြေလုံခြုံရေးကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အေဒရီယန်ဝမ်ဆင်က ပြောသည်။

အီရန် က ထရမ့်အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းနေသည်ဟူသော ထောက်လှမ်းရေး သတင်းအချက်အလက်အား လူတစ်ဦးထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန်၏ စွပ်စွဲချက်များအား အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနာနီ က ငြင်းဆိုထားသည်။

ထရမ့်သည် ဇူလိုင်လ ၁၃ ရက်တွင် ပင်ဆေဗေးနီးယားပြည်နယ် မဲဆွယ်ပွဲတစ်ခု၌ သောမတ်မက်သရူးခရွတ် အမည်ရှိ သေနတ်သမား၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရပြီး နားရွက်တွင် ဒဏ်ရာရရှိသွားကြောင်း ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ