အီတို ကို တရားဝင်မိတ်ဆက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း


(အားကစား) ဇူလိုင် ၁၈

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ စတုဂတ်အသင်းကနေ ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့တဲ့ ဂျပန်လက်ရွေးစင်နောက်ခံလူ အီတို ကို ဇူလိုင်လ ၁၆ ရက်က ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးသွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ အီတို ဟာ စတုဂတ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အီတို ရဲ့ပြောင်းရွှေ့ကြေးအဖြစ် စတုဂတ်အသင်းကို ယူရို ၂၃ သန်းပေးချေခဲ့ရပြီး ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိတဲ့ ၄ နှစ်စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အီတို ဟာ ပြီးခဲ့တဲ့ ဇွန်လက မြန်မာနိုင်ငံမှာကစားခဲ့တဲ့ မြန်မာအသင်းကို ၅ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂျပန်အသင်းအတွက် ပွဲချိန်ပြည့် ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ