အာလူးကြော် အစပ်စားမိပြီး ဂျပန်အထက်တန်းကျောင်းသားများ ဆေးရုံရောက်


(နိုင်ငံတကာ) ဇူလိုင် ၁၈

ဂျပန်နိုင်ငံရှိ အထက်တန်းကျောင်းတစ်ခုတွင် အလွန်စပ်သော အာလူးကျော်စားမိပြီးနောက် ကျောင်းသား ၃၀ ကျော်သည် ပျို့အန်ခြင်း၊ ပါးစပ်တစ်ဝိုက်ပြင်းထန်သည် ပူလောင်နာကျင်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောင်းသား ၃၀ ဝန်းကျင်မှ ကျောင်းသား ၁၄ ဦးသည် သတိလစ်မေ့မျောသွားခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်းသိရသည်။

အဆိုပါ အာလူးကြော် ထုတ်လုပ်သည့် ဝဘ်ဆိုဒ်တွင် အလွန်စပ်သည့်အတွက် အသက် ၁၈ နှစ်အောက် ကလေးများ မစားရန်တားမြစ်ထားသည်။

အဆိုပါ အာလူးကြော်တွင် အလွန်ပူပြင်းသည့် ငရုတ်ကောင်းအမျိုးအစားအသုံးပြုထားပြီး အဆိုပါ Bhut Jolokia ငရုတ်ကောင်းသည် အပူဆုံး ဂင်းနစ်စံချိန်ဝင်ခဲ့သည့် ငရုတ်ကောင်းလည်းဖြစ်သည်။

တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံများမှ စတင်လာသည့် အလွန်စပ်သည့် အစားအစာများသည့် နိုင်ငံအချို့တွင်ရေပန်းစားခဲ့ပြီး ဥရောပနိုင်ငံအချို့တွင် ပိတ်ပင်ရသည်အထိ ဆိုးဆိုးဝါးဝါးကြုံတွေ့လျက်ရှိသည်။

https://t.me/positiveanglenews/22224

PAN

SZ