ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသာ ပြည်သူ့စစ်အဖွဲ့နှင့် အကြမ်းဖက် PDF အဖွဲ့များထိတွေပစ်ခတ်မှုဖြစ်ပွား


(ပြည်တွင်း) ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာတွင် ယနေ့နံက် ၈ နာရီကျော်အချိန်ခန့်က ဇီးကုန်းလေးပြည်သူစစ်အဖွဲ့ မှ ရွာထိပ်တံတားကို လှည့်ကင်းစစ်ဆေးနေစဥ် အကြမ်းဖက် PDF များမှ မိုင်းခွဲခြင်း၊ ချုံခိုတိုက်ခိုက်ခဲ့ခြင်းများပြုလုပ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

၎င်း ထိတွေ့တိုက်ပွဲကြောင့် ဇီးကုန်းလေးကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ဇီးကုန်းလေးရွာသို့ပြန်လာသော ကျေးရွာနေပြည်သူ ကျား ၁ ဦး၊ မ ၃ ဦး မိုင်းစထိမှန် ဒဏ်ရာအသီးသီးရရှိခဲ့ကြ သောကြောင့် လိုအပ်သောဆေးဝါးကုသမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းဒေသခံများထံမှ သိရသည်။

Telegram
https://t.me/positiveanglenews/22224

PAN

GE #SZ