မာ့ခ်ဂူဟီ ကို ခေါ်ယူဖို စိတ်ဝင်စားနေတဲ့ လီဗာပူးလ်အသင်း


(အားကစား) ဇူလိုင် ၁၈

လီဗာပူးလ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းမှ ထွက်ခွာတော့မယ့် ကွင်းလယ်ကစားသမား မာတစ် နေရာမှာ အစားထိုးရန်အတွက် ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မာ့ခ်ဂူဟီ ကို စိတ်ဝင်စားလျက်ရှိတယ်လို့ သိရပါတယ်။

ဂူဟီ က ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ခဲ့ပါတယ်။

ဂူဟီ က ချဲလ်ဆီးအသင်းရဲ့ လူငယ်စီမံကိန်းထွက်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာ နေရာမရတဲ့အတွက် ပဲလေ့စ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ရာမှ ထိပ်တန်းအဆင့် နောက်ခံလူတစ်ဦးအဖြစ် အသိအမှတ်ပြုခံလာရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ