ပဲရစ်တွင် ကဖေးဆိုင်ကို ကားနှင့်ဝင်တိုက်သောကြောင့် တစ်ဦးသေဆုံး အများအပြားဒဏ်ရာရ


(နိုင်ငံတကာ) ဇူလိုင် ၁၈

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်အား ကားတစ်စီးမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပဲရစ်သည် လာမည့် ၁၀ ရက်အတွင်း အိုလံပစ် အားကစားပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းကြောင့် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် ယာဉ်မောင်းသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ပြီး ယာဉ်ပေါ်ပါသူအား ဖမ်းဆီးထားနိုင်ခဲ့သည်။

ဒေသဆိုင်ရာ အာဏာပိုင်များသည် ဖြစ်စဉ်အား လူသတ်မှုအဖြစ် သံသယရှိပြီး နောက်ပိုင်းတွင် ယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသည် နေ့ကြီးရက်ကြီး ပွဲတော်ရက်များတွင် မော်တော်ယာဉ်အသုံးပြုကာ အကြမ်းဖက်မှုများ မကြာခဏကျူးလွန်ဖြစ်ပွားလေ့ရှိသဖြင့် အိုလံပစ်ပွဲတော်အား လုံခြုံရေး အစောင့်အရှောက်များ ပိုမိုတင်းကြပ်ချထားနိုင်ကြောင်းသိရသည်။

Telegram
https://t.me/positiveanglenews/22224

PAN

AMK #SZ