ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ မင်းလှမြို့နယ် နှင့် သဲကုန်းမြို့နယ် တို့ရှိ ကျေးရွာအုပ်ချုပ်ရေးမူးတို့အား အကြမ်း ဖက် PDF အဖွဲ့မှ အကြောင်းမဲ့သတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ မင်းလှမြို့နယ် နှင့် နတ္တလင်းခရိုင်၊ သဲကုန်းမြို့နယ် တို့ရှိ ကျေးရွာအုပ်ချုပ်ရေးမူးတို့အား အကြမ်းဖက် PDF အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က မင်းလှမြို့နယ် ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမူး ဦးအောင်မြင့်ဦး၊ (ဘ)ဦးသိန်းထွန်း အား ဇရစ်ချောင်းဘုန်းတော်ကြီးကျောင်းနားတွင် အကြမ်းဖက် PDF အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင် ၁၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်က သဲကုန်းမြို့နယ်၊ ဒါးသွေးကျောက်အုပ်စု၊ ကျွဲသေရွာ အုပ်ချုပ်ရေးမှူး ကိုစိုးကြီး၊ အသက် ၅၀ ခန့်အား ၎င်း၏နေအိမ်သို့ အကြမ်းဖက် PDF အဖွဲ့မှ လာရောက်သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။

Telegram
https://t.me/positiveanglenews/22224

PAN

SZ