ကိုရီးယားနှင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို ထပ်မံရောက်ရှိ


(ပြည်တွင်း) ဇူလိုင် ၁၈

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ပြည်တွင်းကုမ္ပဏီ ၆ ခုမှ တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Win Motor Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် FAW Volkswagen နှင့် FAW AUDI Q4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် Asia Pacific Auto-maker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng Nissan Ariya အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Premier Automotive Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် ZEEKR X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ရောက်ရှိလာပါတယ်။

Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX Alpha T5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Construction & Development Infrastructure Co., Ltd. မှ တင်သွင်းလာသော Volkswagen ID-4၊ Volkswagen ID-6 နှင့် Volkswagen ID-7 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရပါတယ်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ရောက်ရှိလာသော လျှပ်စစ်သုံးမော်တော်ယာဉ်များကို ဇူလိုင်လ ၁၇ ရက်က လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

Telegram
https://t.me/positiveanglenews/22224

PAN

SZ