အမြန်လမ်းမကြီးတွင် ယာဥ်သုံးစီးဆင့်ကဲတိုက်မိရာမှ လူသေဆုံး၍ ထိခိုက်ဒဏ်ရာများရရှိခဲ့


(မှုခင်း) ဇူလှိုင် ၁၈

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၅ အချိန်ခန့်ကရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၇၈/၁) နှင့် (၇၈/၂)ဖာလုံကြားတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်းသတင်းအရ နယ်မြေခံ အမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့မှ သွားရောက်ကူညီခဲ့ကြသည်။

ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော LIGHT TRUCK (အဖြူရောင်)ယာဉ်နှင့် TOWNACE (အဖြူရောင်)ယာဉ်(၂)စီးတို့မှာ အဆိုပါ မိုင်တိုင်အကြား အနှေးကြော(၄)ပေခန့်နှင့် (၃)ပေလမ်းပေါ်တွင် ရပ်တန့်၍အပေါ့အပါးသွားနေစဉ် လားရာတူ နောက်မှမောင်းနှင်လာသော NISSAN Condor အမျိုးစား(ဖြူ/စိမ်း)ကြားရောင်(၆)ဘီးယာဉ်မှ ဝင်ရောက်တိုက်မိခဲ့သည်။

ဖြစ်စဥ်ကြောင့် Light Truck ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းလာသူ ယာဉ်မောင်းပါ (၁၃)ဦးအနက်မှ ကျား(၁)ဦးနှင့် မ(၃)ဦးတို့မှာ သေဆုံးခဲ့ပြီး၊ ကျား ၆ ဦး၊ မ ၂ ဦးတို့မှာထိခိုက်ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။ Townace ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ ယာဉ်မောင်းပါကျား ၁၄ ဦးအနက်မှ ကျား ၃ ဦး မ ၁ ဦးတို့မှာ ထိခိုက်ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။ Nissan Condor (၆)ဘီးယာဉ်ပေါ်တွင်လိုက်ပါစီးနင်းလာသော ယာဥ်မောင်းပါ ကျား ၂ ဦးအနက်မှ ကျား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံး/ထိခိုက်ဒဏ်ရာရရှိသူများကို တာဝန်ရှိသူများမှ မြို့ချောင်းအမြန်လမ်းဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်းသိရသည်။

photo-အမြန်လမ်းမီးသတ်တပ်ဖွဲ့

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ