အမရပူရမြို့၊ ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ တာဘောင်ပြိုကျပြီး ပျောက်ဆုံးနေသူ ၇ ဦး၏ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိ


(ပြည်တွင်း) ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ တာဘောင်ပြိုကျပြီး ပျောက်ဆုံးနေသူ ၇ ဦး၏ ရုပ်အလောင်းများအား ယမန်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် အားလုံးပြန်လည်တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျောက်ဆုံးသူများကို ဇူလိုင်လ ၁၄ ရက်မှ စတင်ရှာဖွေခဲ့ရာ ယမန်နေ့ညနေတွင် ဦးမြင့်အောင်၊ အသက် ၅၆ နှစ်၊ ခန့်သူအောင်(ခ)တတ်တူး၊ အသက် ၂၉ နှစ်၊ အောင်မျိုးကျော်၊ ငနေ(ခ)နေလင်းထွန်း၊ တရုတ်ကြီး(ခ)နေထက်အောင်၊ ကျော်ဇင်လင်းနှင့် ငယ်ငယ်(ခ)မြတ်သန်းကျော်တို့၏ ရုပ်အလောင်းများအား ရေဆိုးထုတ်မြောင်းအပြင်သို့ သယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၄ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က အမရပူရမြို့၊ ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဧရိယာရှိ ကာရံထားသောတုတ်မှ မြစ်ရေများ ဝင်ရောက်လာပြီး တာကျိုးပေါက်ကာ အမျိုးသား ၇ ဦး ရေနစ်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီး အားလုံးသေဆုံးလျက် ပြန်လည်တွေရှိခြင်းဖြစ်ကြောင်း သေဆုံးသူများ၏ရုပ်အလောင်းများအား မန္တလေးပြည်သူ့ဆေးရုံံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ