အကြမ်းဖက် PDF အဖွဲ့မှ ပစ်ခတ်သောလက်နက်ကြီးကျည် ၁ လုံး သစ်စက်အမိုးပေါ်သို့ကျရောက်ထိမှန်သဖြင့် သစ်စက်လုပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ


(ပြည်တွင်း) ဇူလိုင် ၁၇

ယမန်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သစ်စက်အမိုးပေါ်သို့ အကြမ်းဖက် PDF အဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးကျည် ၁ လုံးကျ၍ ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့မှ ပစ်ခတ်သောကျည်(အမျိုးအစားစိစစ်ဆဲ)သည် အမှတ်(၁)ရပ်ကွက်ရှိ ရွာလေးပိုင်းနေ ဦးမျိုးမင်းဦး (ကိုယ်ရေးစိစစ်ဆဲ)၏ သစ်စက်အမိုးပေါ်သို့ ကျရောက်ထိမှန်ခဲ့သဖြင့် ဟိန်းဝေအောင်၊ အသက် ၂၀ နှစ်၊ (ဘ)ဦးမျိုးမင်း၊ သစ်စက်လုပ်သား ရွာလေးရပ် သိမ်ဇရပ်နေသူ(မစိုးရိမ်ရ)နှင့် ဇော်အောင်၊ အသက် ၄၀ နှစ်၊ (ဘ)ဦးညွန့်လှိုင် သစ်စက်လွှဝိုင်းဆရာ ဘုရားကြီးမြို့ ပဲခူးတိုင်းဒေသကြီး (စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် ပဲခူးတိုင်းဒေသကြီး ဆေးရုံသို့ပြောင်းရွှေ့ကုသမှုခံယူနေကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ