ရီးယဲလ်မက်ဒရစ်အသင်းက တိုက်စစ်မှူးသစ် အမ်ဘာပေကို တရားဝင်မိတ်ဆက်

(အားကစား) ဇူလိုင် ၁၇
ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်း၏ တိုက်စစ်မှူးသစ် အမ်ဘာပေ၏ တရား၀င် မိတ်ဆက်ပွဲ အခမ်းအနားအား ဘာနေဗျူးကွင်းတွင် ကျင်းပပြုလုပ်ခဲ့‌‌‌‌ကြောင်းသိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်း၏ဂန္ထ၀င်ကစားသမားဟောင်း စီရော်နယ်လ်ဒို (၂၀၀၉ ခုနှစ်)ကဲ့သို့ပင် အမ်ဘာပေ၏ မိတ်ဆက်ပွဲအား ခမ်းနားထည်ဝါစွာကျင်းပခဲ့ပြီး ပရိသတ် (၈၀၀၀၀)ကျော်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။

ယူရိုပြိုင်ပွဲမတိုင်ခင်ကတည်းက အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်ကလပ်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ တရားဝင်စာချုပ် ချုပ်ဆိုပြီး အသင်းပရိသတ်တွေနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ရီးယဲလ်မက်ဒရစ်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ပီအက်စ်ဂျီ မှာ တနှစ်လုပ်ခပေါင် ၂၁ ဒသမ ၄ သန်းအထိ ရရှိခဲ့ပေမဲ့ ရီးရဲလ်အသင်းမှာတော့ ပေါင် ၁၂ ဒသမ ၈ သန်းသာ ရရှိမှာ ဖြစ်ပါတယ်။