မြဝတီ – ထို့ကော်ကိုးလမ်းပိုင်းအား သုံးရက်ပိတ်ပြီး ပြုပြင်မည်


(ပြည်တွင်း) ဇူလိုင် ၁၇

ကရင်ပြည်နယ် ဒေါနတောင်ကျော် မြဝတီ – ထို့ကော်ကိုးလမ်းပိုင်း ပြုပြင်ရန်အတွက် ဇူလိုင် ၁၈ ရက်မှ ၂၀ ရက်ထိ မော်တော်ယာဉ်များ သွားလာခြင်းအား သုံးရက်တာ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ခေတ္တပိတ်ထားမည့် သုံးရက်တာကာလအတွင်း မိုးရွာသွန်းခြင်းကြောင့် မြေသားပြိုကျခြင်းနှင့် ရွံ့နွံများရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြဝတီ-ကျော်ခို့-ထို့ကော်ကိုးလမ်းပိုင်းမှ မည်သည့် ယာဉ်ကြီး၊ ယာဉ်ငယ် မည်သည်ယာဉ်မှ သွားလာခွင့်ပြုမည်မဟုတ်ကြောင်း မော်တော်ယာဉ်မောင်းသူများ သိရှိစေရန် ကြေညာထားသည်။

https://t.me/positiveanglenews/22224

PAN

AMT #SZ