ပဲခူးမြို့တွင် ဓားနဲ့ထိုး ဒုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်နှင့် ဖုံးအားလုယက်ထွက်ပြေး


(မှုခင်း) ဇူလိုင် ၁၇

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က ပဲခူးမြို့ အမှတ်(၃)ရဲစခန်းအပိုင်တွင် ဆိုင်ကယ် ကယ်ရီဌား၍ လူပြတ်သည့်နေရာတွင် ကယ်ရီမောင်းသူအား ဓားဖြင့်ထိုး၊ ဒုတ်ဖြင့်ရိုက်ကာ ဆိုင်ကယ်နှင့် လက်ကိုင်ဖုံးအား လုယူထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ အမှတ်(၃)နယ်မြေရဲစခန်းနှင့် (၁)မိုင်ခန့် အကွာ၊ ပဲခူးမြို့၊ ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ လေယာဉ်ကွင်းတွင် ဦးအေးဝင်း၊ အသက် ၅၃ နှစ် ဆိုင်ကယ် ကယ်ရီမောင်း၊ မဟာကြီးသီးသန့်(၄)လမ်း၊ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ ပဲခူးမြို့နေသူသည် ဓားဒဏ်ရာများဖြင့်လဲကျနေကြောင်း သတင်းအရ တာဝန်ရှိသူများမှ သွားရောက်၍ စစ်ဆေးခဲ့ရာ ဦးအေးဝင်းသည် ဝဲလည်ပင်း ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲ/ယာ ဦးခေါင်း ပေါက်ပြဲဖူးရောင် ဒဏ်ရာ (၁)ချက်စီ၊ ဝဲနံပြတ်ရှဒဏ်ရာ (၁)ချက်၊ ယာခါးပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲ/ယာ ပုခုံး ပေါက်ပြဲဒဏ်ရာ (၁)ချက်စီ၊ ဝဲ/ယာကျောပြင်တွင် ပေါက်ပြဲ ဒဏ်ရာများဖြင့်လဲကျနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရသည်။

ဦးအေးဝင်း အား မေးမြန်းခဲ့ရာ ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွှဲ ၃ နာရီခွဲအချိန်ခန့်က ၎င်းပိုင်ဆိုင်သည့် YGN-72W/2244 Follow Me အမျိုးအစား နက်/ပြာရောင်၊ လိုင်စင်ရှိ၊ ဆိုင်ကယ်ဖြင့် ပဲခူးမြို့၊ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ ရွှေဂူလေးဘုရားလမ်း အနီးတွင်ရှိနေစဉ် အမည်မသိဖုန်းနံပါတ်၊ အမည်မသိ အမျိုးသားတစ်ဦးမှ ကယ်ရီသွားရန်ရှိ၍ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းအနီးသို့ လာရောက်ရန် ခေါ်သဖြင့် သွားရောက်ခဲ့ရာ ဘုန်းကြီးကျောင်းအနီးသို့ ရောက်ရှိစဉ် အရပ်ပု၊ အသက် ၂၀ ကျော်ခန့်၊ အသားညို၊ အနက်ရောင် တီရှပ်အင်္ကျီ၊ ဘောင်းဘီတိုဝတ်ဆင် ထားသည့် အမျိုးသားနှင့် အရပ် ၅ ပေ ၅ လက်မခန့်ရှိ၊ အင်္ကျီအဖြူ ဝတ်ဆင်ပြီး ဆံပင်ဘိုကေဖြင့် အသက် ၄၀ ကျော်ခန့်၊ အမျိုးသားတစ်ဦးတို့မှ ဇလပ်ထော်ဆည်ဘက်သို့ သွားလိုကြောင်း ဆိုင်ကယ်ကယ်ရီ ငှားသဖြင့် အလယ်တွင် အသက် ၂၀ ကျော်ခန့်ရှိ အမျိုးသား၊ နောက်ဆုံးတွင် အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသားတို့အားတင်ဆောင်ပြီး ဆိုင်ကယ်အား မောင်းနှင်လာစဉ် ဆပ်ပြာကျင်းကျေးရွာအပိုင်၊ တောအုပ်တစ်ခုသို့ အရောက်တွင် အလယ်တွင်စီးနင်းလိုက်ပါလာသူမှ အပေါ့သွားချင်၍ ဆိုင်ကယ်အားရပ်ပေးရန် ပြောသဖြင့် ဆိုင်ကယ်အား ရပ်တန့်ပေးစဉ် ၎င်းမှ ဓါးဖြင့် ခါး နှင့် ကျောကုန်းတို့အား ထိုးကာ လည်ပင်းဝဲဘက်အား ဓါးဖြင့် လှီးခဲ့ပြီး အတူပါလာသူ အသက် ၄၀ ကျော်ခန့် အမျိုးသားအား တုတ်ယူလာပေးရန် ဓါးဖြင့် လှီး နေသူ အမျိုးသားမှ လှမ်းအော်သဖြင့် အသက် ၄၀ ကျော်ခန့် အမျိုးသား မှ လုံးပတ်(၅)လက်မခန့်၊ အရှည်(၁)လံခန့်ရှိ သစ်ကိုင်းချောင်းအား ယူလာပြီး လူငယ်အား ပေးသဖြင့် ၎င်းမှ ဦးအေးဝင်း၏ ဦးခေါင်းအား သစ်ကိုင်းခြောက်ဖြင့် (၃)ချက် ရိုက်နှက်ကာ ဦးအေးဝင်း၏ YGN-72W/2244 Follow Me နက်ပြာရောင် ဆိုင်ကယ်နှင့် ၎င်းအိတ်ကပ်တွင် ပါလာသည့် ၀၉ ၇၈၅၂၆၆၈၁၈ နံပါတ်တပ် KZG ကီးပက်၊ ကာလ တန်ဖိုးငွေကျပ် (၅၀၀၀၀/-)ခန့်တန် ဖုန်းတို့အား ယူဆောင်သွားခဲ့ကြောင်း ရရှိဒဏ်ရာများဖြင့် လမ်းလျှောက်လာစဉ် လေယာဉ်ကွင်းအနီးတွင် လဲကျသွားခဲ့ကြောင်းသိခဲ့ရပြီး ရရှိဒဏ်ရာများအား ကုသရန်အတွက်အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဖြစ်စဥ်အား အမှတ်(၃)နယ်မြေရဲစခန်းမှ အမှုကြီးအမှတ်စဉ် (၃/၂၀၂၄) (ပ)၂၀၂/၂၀၂၄၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်ကာ စစ်ဆေး စုံစမ်းနေကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ