ကဝမြို့နယ်တွင် လူသတ်၍ ရွှေထည်ပစ္စည်းများအား လုယူထွက်ပြေးမှုဖြစ်ပွား


(မှုခင်း) ဇူလှိုင် ၁၈

၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲခန့် အချိန်က ပဲခူးတိုင်းဒေသကြီး ၊ ကဝမြို့နယ် ၊ ရွှေဘုံသာကျေးရွာ၌ လူသတ်၍ ပစ္စည်းများအား လုယူမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ကဝမြို့နယ်၊ ရွှေဘုံသာကျေးရွာ၊ သင်ဘန်းကန် ကျေးရွာအုပ်စု၊ ကဝမြို့နယ်နေသူ ဒေါ်မာဒီ(၆၈)နှစ်မှာ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာများဖြင့် နေအိမ်တွင် သေဆုံးနေကြောင်း သတင်းအရ စစ်ဆေးခဲ့ရာ သေဆုံးသူ၏ခင်ပွန်းဖြစ်သူ ဦးပါကျွန်(၆၉)နှစ်၊ ကျဘမ်းလုပ်ကိုင်သူသည် ကဝမြို့နယ်၊ ကသစ်ဝိုင်းကျေးရွာရှိ အလှူမှ ညနေ ၄ နာရီခန့်က ပြန်လာပြီး နေအိမ်သို့ရောက်ရှိချိန်တွင် ဇနီးဖြစ်သူ ဒေါ်မာဒီသည် နေအိမ်၏ အိမ်ရှေ့ခန်းတွင် ပက်လက်အနေအထားဖြင့် ဦးခေါင်းဝဲဘက်ခြမ်း တွင် သွေးထွက် ဒဏ်ရာများဖြင့် သေဆုံးနေပြီး ဒေါ်မာဒီ၏ ခန္ဓာကိုယ်နံဘေးတွင် အရှည် (၂)ပေခွဲ၊ အသွား(၆) လက်မ၊ ဗျက်(၃)လက်မခန့်ရှိ သစ်သားရိုးတပ် ဆင်ထားသော ပုဆိန်(၁)လက်အား တွေ့ရှိရပြီး ဇနီးဖြစ်သူ၏ လည်ပင်းတွင် ဆွဲထားသည့် ရွှေဆွဲကြိုး (၁)ကုံး ၊ နားတွင်ဝတ်ဆင်ထားသည့် ရွှေနားကပ်(၁)ရံနှင့် နေအိမ်နောက်ဖေးခန်းရှိ သေတ္တာအတွင်း၌သိမ်းဆည်းထားသော ရွှေဆွဲကြိုး(၁)ကုံးနှင့် လက်စွပ်(၂)ကွင်းတို့မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိခဲ့ရသဖြင့် ဒေါ်မာဒီထံ မှ ရွှေထည်ပစ္စည်းများအား လုယူ၍ အသက်သေဆုံးအောင် ပုဆိန်ဖြင့် ခုတ်သတ်သွားသူအား ဥပဒေအရ အရေးယူပေးပါရန် ဦးပါကျွန်မှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် အုန္ဒဲနယ်မြေရဲခန်းမှ (ပ)၂၃/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၉၄/၃၀၂ အရ အမှုဖွင့် စုံစမ်း စစ်ဆေးလျှက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ