ကရင်လေးဆိပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကာလမ်းပေါ်ရှိတံတား ၁ စင်းအကြမ်းဖက် KNU/PDF အဖွဲ့မှ မိုင်းခွဲဖျက်ဆီး


(ပြည်တွင်း) ဇူလှိုင် ၁၈

ယမန်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားတစ်စင်းကို အကြမ်းဖက် KNU/PDF အဖွဲ့မှ မိုင်းခွဲဖျက်ဆီးသွားကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိမိုင်တိုင် ၁၃၄/၇ နှင့် ၁၃၅/၀ ကြားရှိ တံတားကို KNU/PDF များက မိုင်းထောင်ဖောက်ခွဲခဲ့၍ တံတားကျိုးသွားခဲ့ပြီး ယာဥ်များသွားလာ၍မရတော့ကြောင်း သိရသည်။

KNU/PDFအကြမ်းဖက်အဖွဲ့များသည် မွန်ပြည်နယ်အတွင်းရှိ တံတားများကို အမြဲတစေဖောက်ခွဲဖျက်ဆီးနေသဖြင့် ဒေသတွင်းပြည်သူများ၏ ခရီးသွာလာမှု လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားကာ ဒေသတွင်းပြည်သူများ၏ လူမှုဘဝ ဒုက္ခမျိုးစုံကြုံတွေလျှက်ရှိနေကြောင်း၊ ထိုအတူ လက်နက်ကြီးများဖြင့် ရွာများကို အမြဲတစေပစ်ခတ်နေသဖြင့် ကျေးရွာပြည်သူများ မကြာခဏသေကြေရသလို ဒဏ်ရာမျိုးစုံရရှိခံစားနေကြရကြောင်း ထိရောက်သော တရားဥပဒေစိုးမိုးရေး လုပ်ဆောင်မှုများဆောင်ရွက်ပေးရန် ဒေသခံပြည်သူများကလိုလားနေကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ