အုန်းဆီကို အသုံးပြုလုပ်နိုင်တဲ့ နည်းလမ်းများ (အပိုင်း ၁)


(ပြည်တွင်း) ဇူလိုင် ၁၆

ကွဲအက်နေပြီး ကြမ်းတမ်းနေတဲ့ ခြေဖနောင့်များပေါ်မှာ အုန်းဆီကို လိမ်းပေးလို့ရပါတယ်။ 
အသားအရေကိုလည်း ချောမွေ့စေပါတယ်။ အုန်းဆီဟာ အစိုဓာတ်ထိန်းပေးတာကြောင့် ခြေဖနောင့်ကွဲတဲ့ အခါမှာ ကူညီပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များအတွက် ဗိုက်ကြောပြတ်ခြင်းများကနေ ကာကွယ်ရန် အရေပြားပေါ်တွင် ပွတ်လိမ်းပေးပါ။
တစ်နေ့ကို အနည်းဆုံး တစ်ကြိမ် သို့မဟုတ် ထို့ထက်မကလည်း လိမ်းပေးလို့ ရပါတယ်။
ဒါ့အပြင် နို့တိုက် မိခင်များအတွက် နို့သီးခေါင်းများ ကွဲအက်ခြင်းနဲ့ ယားယံခြင်းတို့ကနေ ကာကွယ်ရန် အုန်းဆီကို လိမ်းပေးလို့ ရပါတယ်။
အခြား massage oil များကို အုန်းဆီဖြင့် အစားထိုးပြီး အသုံးပြုလို့ ရပါတယ်။
အုန်းဆီးဟာ တခြား massage oil တွေထက် စျေးလည်း သက်သာပြီး သုံးရတာလည်း အဆင်ပြေပါတယ်။
Lubricant အစားလည်း အုန်းဆီကို အသုံးပြုလို့ ရပါတယ်။
သင့်ဆံပင်ပေါ်မှာ ပီကေများ ကပ်နေပါက ဆံပင်ညှပ်ပြစ်စရာမလိုဘဲ အုန်းဆီကို အသုံးပြုပြီး ဖယ်ရှားလို့ ရပါတယ်။
အုန်းဆီကို mascara brush သန့်စင်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အုန်းဆီက ဘက်တီးရီးယား ပိုးမွှားများကို တိုက်ဖျက်နိုင်တာကြောင့် သင့်မျက်နှာနဲ့ မျက်လုံးတစ်ဝိုက်တွင် အသုံးပြုဖို့ အတွက်လည်း ကောင်းပါတယ်။
ဒါ့အပြင် အုန်းဆီက သင့်မျက်တောင်များကို အစိုဓာတ်ထိန်းပေးရန်အတွက် အကောင်းဆုံး ဖြစ်ပါတယ်။
အနာကျက်စေရန်အတွက်  သင့်ခန္ဓာကိုယ်ပေါ်က တက်တူးအသစ်များပေါ်တွင် အုန်းဆီလိမ်းပေး လိုက်ပါ။
အုန်းဆီက သင့်အရေပြားကို အစိုဓာတ်ထိန်းပေးရုံသာမက ဘက်တီးရီးယားပိုးမွှားများကိုလည်း တိုက်ဖျက်ပေး နိုင်ပါတယ်။
အုန်းဆီက သင့်အသားအရေကို စိုပြေစေရန်အတွက် အသုံးပြုရန် အထူး ကောင်းမွန်ပါတယ်။
ဒါ့အပြင် အုန်းဆီက scented မဟုတ်တာကြောင့် ဒဏ်ရာ သို့မဟုတ် အနာယားယံခြင်းကို မဖြစ်စေပါဘူး။
စေးကပ်နေတဲ့ အစားအစာများကို ညှပ်ချင်းတဲ့ အခါမှာ ကတ်ကြေးကို အုန်းဆီနဲ့လည်း လုပ်ပေးလို့ရပါတယ်။
အုန်းဆီကို ကတ်ကြေးပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ဒါ့အပြင် သင့်ရဲ့ ကတ်ကြေးတွေက သံချေးတက်နေတယ်ဆိုရင် သံချေးတွေကို ဖယ်ရှားဖို့အတွက် အုန်းဆီကိုလည်း အသုံးပြုနိုင်ပါတယ်။
အုန်းဆီက သတ္တုပေါ်တွင် အသုံးပြုရန်အတွက် ဘေးကင်းပြီး သံချေးမတက်အောင် လည်း ကူညီပေးပါတယ်။
သင့်အိမ်က ခွေး သို့မဟုတ် ကြောင်နားရွက်အတွင်းပိုင်းကို သန့်စင်ရန်အတွက်လည်း အုန်းဆီကို အသုံးပြုလို့ ရပါတယ်။
အုန်းဆီက ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်နိုင်တာကြောင့် နားအတွင်းပိုင်း ပိုးမွှားများကို သေစေနိုင်ပါတယ်။
ဒါ့အပြင် anti-inflammatory ဖြစ်ခြင်းကြောင့် နာကျင်ကိုက်ခဲမှုမှန်သမျှ ကိုလည်း သက်သာ စေပါတယ်။
အုန်းသီးက ရောဂါပိုးတွေကို တိုက်ဖျက်နိုင်ပါတယ်။ အုန်းဆီတွင် antifungal ဂုဏ်သတ္တိများ ပါရှိကြောင်း သုတေသနများ တွေ့ရှိခဲ့ပါတယ်။
အုန်းဆီ ကို သင့်နေ့စဉ် စားသောက်မှုတွေ ထဲပေါင်းထည့် စားသုံးခြင်းဟာ antibacterial နဲ့ antifungal ဂုဏ်သတ္တိများရဲ့ အကျိုးကျေးဇူးအားလုံးကို ရရှိစေရန် လုပ်ဆောင်ပေးပါတယ်။
တခြားဟင်းချက် အဆီအများစုကို အစားထိုးပြီး အသုံးပြုနိုင်ပြီး ဟင်းများ ချက်ပြုတ်လို့ပါတယ်။
အရသာမပျက်စေဘဲ ဖျော်ရည်များနဲ့ အခြားဖျော်ရည်များတွင်လည်း အုန်းဆီကို ထည့်ပြီး သောက်နိုင်ပါတယ်။ 
ဒါ့အပြင် အုန်းဆီဖြင့် သင့်အသားအရေကိုလည်း အစိုဓာတ်ထိန်းပေးလို့ရပါတယ်။
သာမာန် အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက် အုန်းဆီတစ်မျိုးတည်းနဲ့တင် လုံလောက်ပါတယ်။
အသား အရေခြောက်တဲ့ လူတွေအတွက် သင့် moisturizer ထဲမှာ ပါတဲ့ serum သို့မဟုတ် ပိုလေးတဲ့ moisturizer အပြီးနောက် အုန်းဆီကို နောက်ဆုံးအဆင့်အနေနဲ့ သုံးပြီး လိမ်းပေးပါ။
ဒါ့အပြင် အုန်းဆီနဲ့လည်း lip balm အဖြစ် အသုံးပြုလို့ရပါတယ်။
အုန်းဆီက salad အသုပ်နဲ့ vinaigrettes များအပါအဝင်  တခြားဟင်းများ ချက်ပြုတ်ရာမှာလည်း ဟင်းသီးဟင်းရွက် အဆီနဲ့လည်း အစားထိုးပြီး သုံးနိုင်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Mayonnaise ပြုလုပ်ဖို့အတွက် အုန်းဆီကိုလည်း အသုံးပြု လို့ရပါတယ်။ 
အုန်းဆီက သင့်အသည်းကျန်းမာရေးကို မြှင့်တင် ပေးပါတယ်။
အုန်းဆီများများ စားသုံးခြင်းက အသည်းကျန်းမာရေးကို မြှင့်တင်ပေးနိုင်ကြောင်း လေ့လာချက်များအရ သိရပါတယ်။

https://t.me/positiveanglenews/22224

PAN

#SZ