အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များမှ မတ္တရာမြို့ပေါ်သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်


(ပြည်တွင်း) ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ပေါ်သို့ ယနေ့နက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့သော ရှော့တိုက်ဒုံးမှာ မတ္တရာမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘူတာရပ်ရှိ နေအိမ် ၁ လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၂ ဦး၊ ကလေး ၁ ဦးတို့ ထိမှန်သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ မြို့/ရွာများအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံ ပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram>>…https://t.me/positiveanglenews

#PAN #SZ