သမ္မတဟောင်း ထရမ့်၏ အောင်နိုင်ရေးအတွက် အီလွန်မက်စ် ငွေကြေးထည့်ဝင်မည်


(နိုင်ငံတကာ) ဇူလိုင် ၁၆

ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်စ်သည် သမ္မတဟောင်း ထရမ့်၏ အောင်နိုင်ရေးအသုံးပြုရန် ဒေါ်လာ ၄၅ သန်း ကတိပြုခဲ့ကြောင်း ဝေါစထရိဂျာနယ်၏ ဖော်ပြချက်အရ သိရသည်။

သမ္မတဟောင်းထရမ့် လုပ်ကြံပစ်ခတ်ခံရမှုအပြီးတွင် သူဌေးကြီး အီလွန်မက်စ်က ၎င်းပိုင်ဆိုင်သည့် X လူမှုကွန်ယက်စာမျက်နှာတွင် ဒေါ်နယ်ထရမ့်အားအပြည့်အဝထောက်ခံကြောင်း ရေးသားဖော်ပြခဲ့သည်။

အီလွန်မက်စ်နှင့် ၎င်း၏ ရင်းနှီးသော သူငယ်ချင်းများ စုပေါင်းကာ သမ္မတဟောင်း ထရမ့်အား ကူညီရန် Super PAC အဖြစ် စတင်မည်ဖြစ်ပြီး တစ်လလျင် ဒေါ်လာ ၄၅ သန်း ထည့်ဝင်မည်ဟုသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ