ပထမဆုံးခြေစမ်းပွဲကို အရှုံးနဲ့ စတင်ခဲ့တဲ့ မန်ယူ

(အားကစား) ဇူလိုင် ၁၆
မနေ့ညက ကစားခဲ့တဲ့ ပထမဆုံးရာသီကြိုကလပ်အသင်းခြေစမ်းပွဲမှာ မန်ယူအသင်းက ရိုဆင်ဘော့အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ ရပ်ရှ်ဖို့ဒ်၊ အီဗန်စ်၊ မေဆင်မောင့်၊ ကက်စ်မဲရိုး၊ ဝမ်ဘစ်ဆာကာတို့လို စီနီယာ ကစားသမားတွေ ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ အားရစရာ မရှိခဲ့ပါဘူး။ ဒါပေမယ့် အသင်းရဲ့ ကစားပုံက အားရစရာမရှိခဲ့တဲ့အပြင် နောက်ဆုံးမိနစ်မှာ ပေးလိုက်ရတဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့်လည်း ရှုံးနိမ့်ခဲ့ရပါတယ်။

အသင်းနဲ့ ပူးပေါင်းတာ နောက်ကျခဲ့တဲ့ ဆန်ချိုကတော့ အသင်းနဲ့လိုက်ပါခဲ့ခြင်း မရှိသလို ဇာကာဇီကလည်း တနင်္ဂနွေနေ့ကမှ အသင်းကို ရောက်လာခဲ့တာကြောင့် လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ နောက်ထပ် ခြေစမ်းပွဲအဖြစ် မန်ယူအသင်းဟာ စကော့တလန် ကလပ် ရိန်းဂျားစ် အသင်းနဲ့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရပါတယ်။