နေပြည်တော် လေဆိပ်အား အကြမ်းဖက် PDF အဖွဲ့ က ၁၀၇.မမ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်


(ပြည်တွင်း) ဇူလိုင် ၁၆

နေပြည်တော်၊ လယ်ဝေးမြို့နယ် VIP လေဆိပ် (ကွင်းဟောင်း) တောင်ဘက် ၂ မိုင်ခန့်အကွာ ပြောင်ခေါင်းကြီးအုပ်စု၊ ပန်းတင်ကျေးရွာဘက်မှ VIP လေဆိပ်အား ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့ရာ လေဆိပ်ဝင်းအတွင်းရှိ အမှတ်(၁၀)ကင်းရုံအနီး ၁ လုံး၊ ဗုံးစတိုအနီး ၁ လုံး၊ လေဆိပ်အနီးကြံစိုက်ခင်းအတွင်း ၁ လုံး၊ နေရာစိစစ်ဆဲ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်နေရာများအား တာဝန်ရှိသူများမှ ရဟတ်ယာဥ် အသုံးပြုရှာဖွေခဲ့ရာ ပြောင်ခေါင်းကြီးအုပ်စု၊ ပန်းတင်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ ဦးဇော်လင်း၏ ကြံစိုက်ခင်း အတွင်း၌ ပစ်ခတ်ပြီးရှော့တိုက်ဒုံး ၄ လုံး၊ တပ်ဆင်ပြီး မပြစ်ရသေးသည့် ရှော့တိုက်ဒုံး ၃ လုံးတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံးများအား စစ်မြေပြင်အင်ဂျင်နီယာတပ်မှ မိုင်းရှင်းလင်းပြီး သိမ်းဆည်းသယ်ယူသွားကြောင်း သိရသည်။

https://t.me/positiveanglenews/22224

PAN

ZN #SZ