ဒေါ်နယ်ထရမ့်၏ ဒုတိယသမ္မတလောင်းကိုကြေညာ


(နိုင်ငံတကာ) ဇူလိုင် ၁၆

အမေရန်ကန်၏ သမ္မတဟောင်းဖြစ်သူ ဒေါ်နယ်လ်ထရမ့် ဂျူနီယာသည် ၎င်း၏ ဒုတိယသက်တမ်းအနိုင်ရပါက ဒုတိယသမ္မတလောင်းအား JD Vance အား ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Vance သည် ယခင်က အီရတ်စစ်ပြန် အမေရိကန်စစ်သားဟောင်းတစ်ဦးဖြစ်ပြီး စစ်သတင်းထောက်တစ်ဦးလည်းဖြစ်သည်။

သမ္မတဟောင်း ထရမ့်သည် ဒုတိယ သမ္မတအဖြစ် ၎င်းထက် အသက် ထက်ဝက်မက ငယ်ရွယ်သည့် ၃၉ နှစ်အရွယ် JD Vance အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

JD Vance သည် လက်ရှိတွင် အိုဟိုင်ယိုပြည်နယ်ကိုယ်စားပြု ရီပက်ဘလစ်ကန်ပါတီ၏ အထက်လွှတ်တော်အမတ်အဖြစ်တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

ထို့အပြင် Vance အနေဖြင့် ယူကရိန်းစစ်ပွဲအား အမေရိကန်မှ ငွေကြေးထောက်ပံ့မှုဖြင့်အဆုံးမသတ်နိုင်ပဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ အဆုံးသတ်မည်ဟု ပြောဆိုခဲ့ခြင်းကြောင့် သမ္မတဟောင်းထရမ့်နှင့် အယူအဆတူသူအဖြစ်ထင်ကြေးပေးလျက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ