တောင်ကိုရီးယား၏နျူကလီးယားရေငုပ်သင်္ဘောများကိစ္စကို အမေရိကန်က စဉ်းစားပေးနိုင်


(နိုင်ငံတကာ) ဇူလိုင် ၁၆

တောင်ကိုရီးယားနိုင်ငံက တောင်းဆိုထားသော နျူကလီးယားရေငုပ်သင်္ဘောများကိစ္စကို အမေရိကန်နိုင်ငံ အနေဖြင့် အနာဂတ်တွင် စဉ်းစားပေးနိုင်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဇူလိုင်လ ၁၄ ရက်တွင် ထုတ်ပြန် ထားသည်။ ရေငုပ်သင်္ဘောစစ်ဆင်ရေးကဏ္ဍမှ ကြည့်ပါက မိတ်ဖက်နိုင်ငံများကို ထိရောက်စွာ ကာကွယ်နိုင်ရေး အတွက် ဆောင်ရွက်ပေးရေးသည် အလွန်အရေးကြီးသည်ဟု မြင်မိကြောင်း အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီး ဆမ်မျူယယ်ပါပါရို က ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောသည်။

မြောက်ကိုရီးယားနိုင်ငံက ၎င်းတို၏ရေတပ်အင်အား တိုးမြှင့်မှုကို အရှိန်အဟုန်ဖြင့်လုပ်ဆောင်နေစဉ် တောင်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားရေငုပ်သင်္ဘော များ ပိုင်ဆိုင်သင့်၊ မသင့်နှင့်ပတ်သက်၍ ပြောဆိုမှုများမှာ ပြီးခဲ့သည့်နှစ်အနည်းငယ်ကတည်းက ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုအခါ အမေရိကန်အဆင့်မြင့်အရာရှိကြီးတစ်ဦး က တောင်ကိုရီးယားနိုင်ငံအတွက် နျူကလီးယား ရေငုပ်သင်္ဘောကိစ္စနှင့်ပတ်သက်၍ ပြောဆိုလာခြင်းသည် ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ သည် ရေအောက်တိုက်ခိုက်ရေးဒရုန်းများ၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သည့် အမြင့်ပျံဒုံးကျည်များ အပါအဝင် ရေတပ်အင်အားကို တိုးမြှင့်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း Yonhap သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ